Quran Apps in many lanuages:

Surah Al-Araf Ayahs #110 Translated in Burmese

قَالَ إِنْ كُنْتَ جِئْتَ بِآيَةٍ فَأْتِ بِهَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်)ကပြန်ပြောသည်မှာ (အို-မူစာ)အသင်သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်ခဲ့၍ မှန်ကန်စွာ ပြောဆိုသူ တဦးဖြစ်ခဲ့ပါလျှင်ထိုသက်သေလက္ခဏာကို (ငါ၏ရှေ့ဝယ်)တင်ပြလော့ဟု ပြန်ပြောလေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُبِينٌ
ထိုအခါ ထိုနဗီတမန်တော်(မူစာ)သည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလေရာ ရုတ်တရက် ထိုတောင်ဝှေးသည် ထင်ရှားသောမြွေ(နဂါး) တစ်ကောင်ဖြစ်နေလေ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ
၎င်းပြင် ထိုနဗီတမန်တော်(မူစာ)သည် မိမိလက်ကို (မိမိရင်ချိုင်းကြားမှ) အပြင်သို့ဆွဲ၍ ထုတ်ခဲ့ရာ ရုတ်တရက် ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့တွင် ထွန်းတောက် လျက်ရှိနေလေသည်။(ရကူ)
قَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ إِنَّ هَٰذَا لَسَاحِرٌ عَلِيمٌ
ဖစ်ရ်အောင်န်၏ အမျိုးသားများအနက်မှ အကြီးအမှူးတို့သည် (ဤသည့်တန်ခိုးပြာဋိဟာများ ကိုတွေ့မြင်ကြသောအခါ) မုချဧကန် ဤသူသည် တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပဉ္စလက်ဆရာ တစ်ဦးပင်ဖြစ်သည်ဟု ပြောဆိုကြကုန်သည်။
يُرِيدُ أَنْ يُخْرِجَكُمْ مِنْ أَرْضِكُمْ ۖ فَمَاذَا تَأْمُرُونَ
၎င်းသည် (မိမိ ပဉ္စလက်ပညာ၏အစွမ်းဖြင့်)အသင်တို့အား အသင်တို့၏နယ်မြေ(ဝါ)တိုင်းပြည်မှ ထုတ်ပစ်ရန် ကြံရွယ်လျက်ရှိနေလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်(ဤကိစ္စနှင့်စပ်လျဉ်း၍)မည်သို့ အကြံပေးလိုကြသနည်း။

Choose other languages: