Quran Apps in many lanuages:

Surah Al-Araf Ayahs #109 Translated in Burmese

حَقِيقٌ عَلَىٰ أَنْ لَا أَقُولَ عَلَى اللَّهِ إِلَّا الْحَقَّ ۚ قَدْ جِئْتُكُمْ بِبَيِّنَةٍ مِنْ رَبِّكُمْ فَأَرْسِلْ مَعِيَ بَنِي إِسْرَائِيلَ
အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ (တစ်စုံတစ်ရာကို ကြံဖန်လီဆယ် ပြောဆိုခြင်းမပြုပဲ)အမှန် ကိုသာပြောဆိုရန် ငါ၏အပေါ်၌ တာဝန်ရှိပေသည်။ ငါသည် ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှထင်ရှားစွာသောသက်သေ လက္ခဏာကို ယူဆောင်ခဲ့လေပြီ။သို့ဖြစ်ပေရာ (အို-ဖစ်ရ်အောင်န်) အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါနှင့်အတူ (ထည့်)လိုက်ပါ။
قَالَ إِنْ كُنْتَ جِئْتَ بِآيَةٍ فَأْتِ بِهَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်)ကပြန်ပြောသည်မှာ (အို-မူစာ)အသင်သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်ခဲ့၍ မှန်ကန်စွာ ပြောဆိုသူ တဦးဖြစ်ခဲ့ပါလျှင်ထိုသက်သေလက္ခဏာကို (ငါ၏ရှေ့ဝယ်)တင်ပြလော့ဟု ပြန်ပြောလေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُبِينٌ
ထိုအခါ ထိုနဗီတမန်တော်(မူစာ)သည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလေရာ ရုတ်တရက် ထိုတောင်ဝှေးသည် ထင်ရှားသောမြွေ(နဂါး) တစ်ကောင်ဖြစ်နေလေ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ
၎င်းပြင် ထိုနဗီတမန်တော်(မူစာ)သည် မိမိလက်ကို (မိမိရင်ချိုင်းကြားမှ) အပြင်သို့ဆွဲ၍ ထုတ်ခဲ့ရာ ရုတ်တရက် ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့တွင် ထွန်းတောက် လျက်ရှိနေလေသည်။(ရကူ)
قَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ إِنَّ هَٰذَا لَسَاحِرٌ عَلِيمٌ
ဖစ်ရ်အောင်န်၏ အမျိုးသားများအနက်မှ အကြီးအမှူးတို့သည် (ဤသည့်တန်ခိုးပြာဋိဟာများ ကိုတွေ့မြင်ကြသောအခါ) မုချဧကန် ဤသူသည် တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပဉ္စလက်ဆရာ တစ်ဦးပင်ဖြစ်သည်ဟု ပြောဆိုကြကုန်သည်။

Choose other languages: