Quran Apps in many lanuages:

Surah Al-Anaam Ayahs #119 Translated in Burmese

وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။
وَإِنْ تُطِعْ أَكْثَرَ مَنْ فِي الْأَرْضِ يُضِلُّوكَ عَنْ سَبِيلِ اللَّهِ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှ�ပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
إِنَّ رَبَّكَ هُوَ أَعْلَمُ مَنْ يَضِلُّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِنْ كُنْتُمْ بِآيَاتِهِ مُؤْمِنِينَ
သို့ဖြစ်ပေရာ အသင်တို့သည်အကြင် (တိရစ္ဆာန်)ကို စားသုံးကြလေကုန်။ ထို(တိရစ္ဆာန်) ၏အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်သည်၊ တသ (၍လှီးဖြတ်) ပြီးဖြစ်လေသည်။ အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်များကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်။
وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُمْ مَا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًا لَيُضِلُّونَ بِأَهْوَائِهِمْ بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။

Choose other languages: