Quran Apps in many lanuages:

Surah Al-Anaam Ayahs #108 Translated in Burmese

قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။
وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။
اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။
وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا ۗ وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ وَمَا أَنْتَ عَلَيْهِمْ بِوَكِيلٍ
(အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။
وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ
၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။

Choose other languages: