Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #171 Translated in Burmese

وَلِيَعْلَمَ الَّذِينَ نَافَقُوا ۚ وَقِيلَ لَهُمْ تَعَالَوْا قَاتِلُوا فِي سَبِيلِ اللَّهِ أَوِ ادْفَعُوا ۖ قَالُوا لَوْ نَعْلَمُ قِتَالًا لَاتَّبَعْنَاكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَانِ ۚ يَقُولُونَ بِأَفْوَاهِهِمْ مَا لَيْسَ فِي قُلُوبِهِمْ ۗ وَاللَّهُ أَعْلَمُ بِمَا يَكْتُمُونَ
ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြ�ေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။
الَّذِينَ قَالُوا لِإِخْوَانِهِمْ وَقَعَدُوا لَوْ أَطَاعُونَا مَا قُتِلُوا ۗ قُلْ فَادْرَءُوا عَنْ أَنْفُسِكُمُ الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်စဉ်က) ကိုယ်တိုင် (မိမိတို့အိမ်များတွင်) ထိုင်နေခဲ့ကြပါလျက်(အုဟုဒ်စစ်မြေပြင်၌ကျဆုံးခဲ့သော) မိမိတို့၏ ညီသားအစ်ကိုများနှင့် ပတ်သက်ပြီး အကယ်၍သာ ထိုသူတို့သည် ကျွန်ုပ်တို့(ပြောစကား)ကို နာယူခဲ့ကြပါမူ (ယင်းကဲ့သို့) သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေတကား ဟု ပြောဆို (ဝေဘန်) ကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့ အား)သို့ဖြစ်လျှင် အကယ်၍သာ အသင်တို့သည် မှန်ကန်စွာပြောဆိုသူများဖြစ်ခဲ့ကြပါလျှင် မိမိ တို့ကိုယ်မှ ‘မရဏ’ သေခြင်းတရားကို ဖယ်ရှား ကြပါလေကုန် ဟု ပြောဆိုဖြေကြားပါလေ။
وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِنْدَ رَبِّهِمْ يُرْزَقُونَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌ (စစ်တိုက်စဉ်)အသတ်ခံရသော သူတို့ကို သူသေများဟူ၍ အလျင်း မထင်မှတ်ပါလေနှင့်။ (ထိုသူတို့ကား သူသေများ) အလျင်းမဟုတ်၊ စင်စစ်မှာမူကား ထိုသူများသည် ၎င်းတို့၏ အရှင်မြတ်အထံတော်ဝယ်အသက်ရှင်နေသော သူများပင်ဖြစ်ကြသည့်ပြင် (အလ္လာဟ်အရှင်မြတ်၏) ကျွေးမွေးတော်မူခြင်းကိုလည်း ခံကြရကုန်၏။
فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِمْ مِنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။
يَسْتَبْشِرُونَ بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှစည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များ(ခံစားရသော)ကြောင့်လည်းကောင်း၊ ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်၏)ရက်ရောစွာ ပေးသနားတော်မူခြင်း(ကိုရရှိသော)ကြောင့် လည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် ယုံကြည်သောသူတို့၏အကျိုးကို ဖြုန်းတီးတော်မူမည် မဟုတ်သောကြောင့် လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။

Choose other languages: