Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #174 Translated in Burmese

فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِمْ مِنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။
يَسْتَبْشِرُونَ بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှစည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များ(ခံစားရသော)ကြောင့်လည်းကောင်း၊ ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်၏)ရက်ရောစွာ ပေးသနားတော်မူခြင်း(ကိုရရှိသော)ကြောင့် လည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် ယုံကြည်သောသူတို့၏အကျိုးကို ဖြုန်းတီးတော်မူမည် မဟုတ်သောကြောင့် လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။
الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِنْ بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
အကြင်သူတို့သည်(အုဟုဒ်စစ်မြေပြင်၌) ဒဏ်ရာဒဏ်ချက်များ ရရှိပြီးနောက်တွင် အလ္လာဟ် အရှင်မြတ်နှင့်ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို က်ခံနာယူခဲ့ကြကုန်သည်။ ထိုသူတို့အနက်မှ ကောင်းမြတ်သော အကျင့် အမူတို့ကိုကျင့်မူသည့်အပြင် (ပြစ်မှုဒုစရိုက်တို့မှလည်း) ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့မှာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ထူးမြတ်ကြီးကျယ် လှသောအကျိုးဆုလာဘ်သည် အသင့်ရှိပေသည်။
الَّذِينَ قَالَ لَهُمُ النَّاسُ إِنَّ النَّاسَ قَدْ جَمَعُوا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ إِيمَانًا وَقَالُوا حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ
ထို(သူတော်စင်)များကား ၎င်းတို့အား အချို့သူများက ဧကန်စင်စစ် ရန်သူတို့သည် အသင်တို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ကြရန်အလို့ငှါ (စစ်မက်ပစ္စည်း အားလုံးတို့ကို)မချွတ်ဧကန် စုဆောင်းထားရှိကြပြီး ဖြစ်လေသည်။ သို့ဖြစ်ရကား အသင်တို့သည် ယင်းသူတို့အား ကြောက်ရွံ့ (တိမ်းရှောင်)ကြလေကုန် ဟု ပြောဆိုလေသည်။ သို့တစေလည်း ၎င်းတို့၏ပြောဆိုမှုသည် (တစုံတရာ စိုးရိမ်ကြောင့်ကြစေခြင်း မရှိစေသည့်အပြင်) ထိုသူ (တော်စင်) တို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်ပွားများ စေခဲ့လေသည်။ ယင်း(သူတော်စင်) တို့ကမူ (ကြောက်ရွံ့စိုးရိမ်ကြမည့်အစား) ပြန်လည် ဖြေကြားကြသည်မှာ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့ (မှီခိုအားထားရန်) အလို့ငှါ လုံလောက်တော်မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် ယုံပုံအားထားရာ အကောင်းဆုံး အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟုတုံ့ပြန်ဖြေကြားခဲ့လေသတည်း။
فَانْقَلَبُوا بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ لَمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ
သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ �ျားအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။

Choose other languages: