Quran Apps in many lanuages:

Surah Yusuf Ayahs #62 Translated in Burmese

وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنْكِرُونَ
ထို့နောက် ယူဆွဖ်၏ နောင်တော်တို့လည်း (အီဂျစ်သို့)လာခဲ့ကြပြီး၊ ယင်းယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်သည် ၎င်းတို့အား မှတ်မိခဲ့လေသည်။ သို့ရာတွင် ယင်းတို့မူကား ထိုယူဆွဖ်အား မမှတ်မိကြပေ။
وَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَكُمْ مِنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنْزِلِينَ
တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။
فَإِنْ لَمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِنْدِي وَلَا تَقْرَبُونِ
သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။
قَالُوا سَنُرَاوِدُ عَنْهُ أَبَاهُ وَإِنَّا لَفَاعِلُونَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီတော်အား ၎င်း၏ခမည်းတော်ထံ တောင်းခံကြပါမည်။ ကျွန်ုပ်တို့သည် ဧကန်မလွဲ (ဤအတိုင်းပင်)ပြုလုပ်ကြပါမည်ဟု ပြောဆိုဖြေကြားခဲ့ကြလေသတည်း။
وَقَالَ لِفِتْيَانِهِ اجْعَلُوا بِضَاعَتَهُمْ فِي رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَا إِذَا انْقَلَبُوا إِلَىٰ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။

Choose other languages: