Quran Apps in many lanuages:

Surah Yusuf Ayahs #64 Translated in Burmese

فَإِنْ لَمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِنْدِي وَلَا تَقْرَبُونِ
သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။
قَالُوا سَنُرَاوِدُ عَنْهُ أَبَاهُ وَإِنَّا لَفَاعِلُونَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီတော်အား ၎င်း၏ခမည်းတော်ထံ တောင်းခံကြပါမည်။ ကျွန်ုပ်တို့သည် ဧကန်မလွဲ (ဤအတိုင်းပင်)ပြုလုပ်ကြပါမည်ဟု ပြောဆိုဖြေကြားခဲ့ကြလေသတည်း။
وَقَالَ لِفِتْيَانِهِ اجْعَلُوا بِضَاعَتَهُمْ فِي رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَا إِذَا انْقَلَبُوا إِلَىٰ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။
فَلَمَّا رَجَعُوا إِلَىٰ أَبِيهِمْ قَالُوا يَا أَبَانَا مُنِعَ مِنَّا الْكَيْلُ فَأَرْسِلْ مَعَنَا أَخَانَا نَكْتَلْ وَإِنَّا لَهُ لَحَافِظُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိခဲ့ကြသောအခါ (ဤသို့) လျှောက်ထားခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ရိက္ခာသည်ကျွန်တော်မျိုးတို့(အားရောင်းချခြင်း)မှ ပိတ်ထားပြီးဖြစ်လေသည်။ သို့ဖြစ်ပေရာ ခမည်းတော်သည် ကျွန်တော်မျိုးတို့နှင့်အတူ ကျွန်တော်မျိုးတို့၏ညီတော်(ဗင်န်ယာမီန်)အား စေလွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည်(ရိက္ခာကိုနောက်တစ်ဖန်)ခြင်တွယ်၍ယူခဲ့ကြပါမည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ထိုညီတော်အား ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းမည့်သူများလည်း ဖြစ်ကြပါသည်။
قَالَ هَلْ آمَنُكُمْ عَلَيْهِ إِلَّا كَمَا أَمِنْتُكُمْ عَلَىٰ أَخِيهِ مِنْ قَبْلُ ۖ فَاللَّهُ خَيْرٌ حَافِظًا ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
(ထိုအခါ)ထိုခမည်းတော်သည် (ဤသို့) ပြန်ကြားခဲ့လေ၏။ ငါသည် အသင်တို့အပေါ်ဝယ် ယင်းညီတော်နှင့်ပတ်သက်၍ ယခင်က ၎င်း၏နောင်တော်(ယူဆွဖ်)နှင့်ပတ်သက်၍ယုံကြည်စိတ်ချဘိ သကဲ့သို့ပင် ယုံကြည်ရမည်သာဖြစ်သည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးစောင့်ရှောက်တော်မူသောအရှင်၊ ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: