Quran Apps in many lanuages:

Surah Yunus Ayahs #71 Translated in Burmese

هُوَ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَسْمَعُونَ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင် တို့အဖို့ ညဉ့်ကိုအသင်တို့ အိပ်စက်နားနေကြရန်လည်းကောင်း၊ နေ့ကို မြင်နိုင်စွမ်းရှိစေသောအရာအဖြစ်လည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ ဤ (မည်သော)အချက်တို့တွင် (အာရုံစိုက်လျှင်)ကြားနာသူ တို့အဖို့ သက်သေသာဓကများသည် ရှိချေသတည်း။
قَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ هُوَ الْغَنِيُّ ۖ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ إِنْ عِنْدَكُمْ مِنْ سُلْطَانٍ بِهَٰذَا ۚ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်လိုလား၊ တောင့်တခြင်းကင်းမဲ့တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာတည်း။ အသင်တို့၌ ဤ(မဟုတ်မမှန်သော ပြောဆိုစွပ်စွဲမှု)နှင့်စပ်လျဉ်း၍ မည်သည့်သက်သေသာဓကမျှပင် မရှိချေ။ အသင်တို့သည် မိမိတို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ်၍ပြောဆိုကြလေသလော။
قُلْ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြကုန်သော သူတို့သည် အလျင်း အောင်မြင်ကြမည် မဟုတ်ပေတကား။
مَتَاعٌ فِي الدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُهُمْ ثُمَّ نُذِيقُهُمُ الْعَذَابَ الشَّدِيدَ بِمَا كَانُوا يَكْفُرُونَ
(၎င်း တို့အဖို့)လောကီဘဝတွင် အကျိုးခံစားခြင်းအနည်းငယ်မျှသာရှိပေသည်။ ထို့နောက် ၎င်း တို့သည် ငါအရှင်မြတ်အထံတော်တို့သာလျှင် ပြန်လည်ရောက်ရှိရပေမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အား ၎င်း တို့သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ပြင်းထန်စွာသော ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းစေတော်မူမည် ဖြစ်ပေသတည်း။
وَاتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِ يَا قَوْمِ إِنْ كَانَ كَبُرَ عَلَيْكُمْ مَقَامِي وَتَذْكِيرِي بِآيَاتِ اللَّهِ فَعَلَى اللَّهِ تَوَكَّلْتُ فَأَجْمِعُوا أَمْرَكُمْ وَشُرَكَاءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ اقْضُوا إِلَيَّ وَلَا تُنْظِرُونِ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်း တို့၏ရှေ့ဝယ် (နဗီတမန်တော်) နူးဟ်၏အတ္ထုပ္ပတ္တိအကြောင်းကိုဖတ်ကြားပါလေ။ တစ်ရံရော အခါဝယ်(နဗီတမန်တော်) နူးဟ်သည် မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့်ငါ၏ဆုံးမဩဝါဒပေးခြင်းသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဝန်လေးနေပါလျှင် ငါသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ပြီးဖြစ်ပေရာ အသင်တို့သည် (ငါ့အားချေမှုန်းရန်) မိမိတို့၏ အကြံအစည်များကို မိမိတို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းကြလေကုန်။ ထို့နောက်အသင်တို့၏(ယင်း)အကြံ အစည်များသည်လည်း အသင်တို့အပေါ်ဝယ် ဖုံးအုပ်လျက် မရှိပါစေနှင့်။ ထို့နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ကြလေကုန်။ ၎င်း ပြင်အသင်တို့သည် ငါ့အား ရွှေ့ဆိုင်းခွင့်ပင် မပေးကြကုန်လင့်။

Choose other languages: