Quran Apps in many lanuages:

Surah Yunus Ayahs #59 Translated in Burmese

أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သတိပြုကြလေကုန်၊ ဧကန်စင်စစ် မိုးကောင်းကင်များ၌ရှိကုန်သော အရာဝတ္ထုအလုံးစုံတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော အရာဝတ္ထု အလုံးစုံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာဝတ္ထုချည်းသာ ဖြစ်ကြပေသည်။ သတိပြုကြလေကုန်၊ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ထားရှိတော်မူသော ကတိတော်သည် မှန်ကန်သောကတိတော်ပင်ဖြစ်၏။ သို့ရာတွင်၎င်း တို့ အနက် အများစုသည် မသိနားမလည်ကြချေ။
هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
ထိုအရှင်မြတ်သည်သာလျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ထံတော်သို့ပင်အသင်တို့သည် ပြန်လည်၍ ရောက်ရှိ ကြရပေမည်။
يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُمْ مَوْعِظَةٌ مِنْ رَبِّكُمْ وَشِفَاءٌ لِمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
အို-လူအပေါင်းတို့ မုချဧကန် အသင်တို့ထံသို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ဆုံးမဩဝါဒတော်သည်လည်းကောင်း၊ ရင်များတွင်ရှိသော(ဝေဒနာများ)ကို ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ တရားပြလမ်းညွှန်ခြင်းသည် လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း ရောက်ရှိလာခဲ့လေပြီ။
قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِمَّا يَجْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။
قُلْ أَرَأَيْتُمْ مَا أَنْزَلَ اللَّهُ لَكُمْ مِنْ رِزْقٍ فَجَعَلْتُمْ مِنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။

Choose other languages: