Quran Apps in many lanuages:

Surah Yunus Ayahs #62 Translated in Burmese

قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِمَّا يَجْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။
قُلْ أَرَأَيْتُمْ مَا أَنْزَلَ اللَّهُ لَكُمْ مِنْ رِزْقٍ فَجَعَلْتُمْ مِنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။
وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။
وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
(အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။

Choose other languages: