Quran Apps in many lanuages:

Surah Yunus Ayahs #65 Translated in Burmese

وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
(အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။
الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
၎င်း (အဆွေတော်)တို့သည် အကြင်သူတို့ပင်ထိုသူတို့သည် အီမာန်ယုံကြည်မှုထားရှိကြသည့်ပြင် (ပြစ်မှုဒုစရိုက်များမှလည်း) ရှောင်ကြဉ်လျက် ရှိခဲ့ကြကုန်သတည်း။
لَهُمُ الْبُشْرَىٰ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۚ لَا تَبْدِيلَ لِكَلِمَاتِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ယင်း(အဆွေတော်)တို့အဖို့ လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင် လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းသည် ရှိပေသည်။ အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များ၌ ပြောင်းလဲခြင်း အလျဉ်းမရှိချေ။ ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပေတည်း။
وَلَا يَحْزُنْكَ قَوْلُهُمْ ۘ إِنَّ الْعِزَّةَ لِلَّهِ جَمِيعًا ۚ هُوَ السَّمِيعُ الْعَلِيمُ
(အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

Choose other languages: