Quran Apps in many lanuages:

Surah Yunus Ayahs #66 Translated in Burmese

أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
(အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။
الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
၎င်း (အဆွေတော်)တို့သည် အကြင်သူတို့ပင်ထိုသူတို့သည် အီမာန်ယုံကြည်မှုထားရှိကြသည့်ပြင် (ပြစ်မှုဒုစရိုက်များမှလည်း) ရှောင်ကြဉ်လျက် ရှိခဲ့ကြကုန်သတည်း။
لَهُمُ الْبُشْرَىٰ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۚ لَا تَبْدِيلَ لِكَلِمَاتِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ယင်း(အဆွေတော်)တို့အဖို့ လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင် လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းသည် ရှိပေသည်။ အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များ၌ ပြောင်းလဲခြင်း အလျဉ်းမရှိချေ။ ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပေတည်း။
وَلَا يَحْزُنْكَ قَوْلُهُمْ ۘ إِنَّ الْعِزَّةَ لِلَّهِ جَمِيعًا ۚ هُوَ السَّمِيعُ الْعَلِيمُ
(အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
أَلَا إِنَّ لِلَّهِ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ ۗ وَمَا يَتَّبِعُ الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ شُرَكَاءَ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
(အို-ကြားနာရသူ အပေါင်းတို့) အသင်တို့ သည်(ကောင်းစွာ) သတိမူကြလေကုန်၊ ဧကန်အမှန် မိုးကောင်း ကင်၌ရှိသူတို့ကိုလည်းကောင်း၊ ကမ္ဘာ မြေပြင်ဝယ် ရှိသူတို့ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင်ပိုင်ဆိုင်တော်မူ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုနှိုင်းယှဉ်ဖက်များ�ဖြစ်ဟစ်ခေါ် ကိုးကွယ်ကြကုန်သောသူတို့သည် (မိမိတို့၏)ထင်မြင်ယူဆချက်မှအပ အခြားတစ်စုံတစ်ရာကို လိုက်နာကြသည် မဟုတ်ပေ။ စင်စစ်မူကား၎င်း တို့သည် ရမ်းဆ(ကျင့်ကြံ) နေကြသည်သာတည်း။

Choose other languages: