Quran Apps in many lanuages:

Surah Yunus Ayahs #58 Translated in Burmese

وَلَوْ أَنَّ لِكُلِّ نَفْسٍ ظَلَمَتْ مَا فِي الْأَرْضِ لَافْتَدَتْ بِهِ ۗ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ ۖ وَقُضِيَ بَيْنَهُمْ بِالْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ
ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင် ထိုသူတို့သည် ပြစ်ဒဏ်ကို(ဦးစွာပထမ) မြင်ကြရသောအခါတွင် (မိမိတို့) နောင်တရ(ဝမ်းနည်း)ကို လျှို့ဝှက်ကြကုန်အံ့။ ထို့ပြင် (ထိုနေ့တွင်)၎င်း တို့၏အကြားဝယ် တရားမျှတစွာ စီရင်ဆုံးဖြတ်ပြီးဖြစ်အံ့။ စင်စစ်သော်ကား ၎င်း တို့သည် မတရားပြုလုပ်ခြင်းကို အလျဉ်းခံကြရမည်မဟုတ်ပေ။
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သတိပြုကြလေကုန်၊ ဧကန်စင်စစ် မိုးကောင်းကင်များ၌ရှိကုန်သော အရာဝတ္ထုအလုံးစုံတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော အရာဝတ္ထု အလုံးစုံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာဝတ္ထုချည်းသာ ဖြစ်ကြပေသည်။ သတိပြုကြလေကုန်၊ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ထားရှိတော်မူသော ကတိတော်သည် မှန်ကန်သောကတိတော်ပင်ဖြစ်၏။ သို့ရာတွင်၎င်း တို့ အနက် အများစုသည် မသိနားမလည်ကြချေ။
هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
ထိုအရှင်မြတ်သည်သာလျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ထံတော်သို့ပင်အသင်တို့သည် ပြန်လည်၍ ရောက်ရှိ ကြရပေမည်။
يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُمْ مَوْعِظَةٌ مِنْ رَبِّكُمْ وَشِفَاءٌ لِمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
အို-လူအပေါင်းတို့ မုချဧကန် အသင်တို့ထံသို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ဆုံးမဩဝါဒတော်သည်လည်းကောင်း၊ ရင်များတွင်ရှိသော(ဝေဒနာများ)ကို ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ တရားပြလမ်းညွှန်ခြင်းသည် လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း ရောက်ရှိလာခဲ့လေပြီ။
قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِمَّا يَجْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။

Choose other languages: