Surah Yunus Ayahs #34 Translated in Burmese
هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ أَمَّنْ يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَنْ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَنْ يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။
كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။
قُلْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ قُلِ اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۖ فَأَنَّىٰ تُؤْفَكُونَ
(အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
