Quran Apps in many lanuages:

Surah Yunus Ayahs #37 Translated in Burmese

كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။
قُلْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ قُلِ اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۖ فَأَنَّىٰ تُؤْفَكُونَ
(အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။
قُلْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَهْدِي إِلَى الْحَقِّ ۚ قُلِ اللَّهُ يَهْدِي لِلْحَقِّ ۗ أَفَمَنْ يَهْدِي إِلَى الْحَقِّ أَحَقُّ أَنْ يُتَّبَعَ أَمَّنْ لَا يَهِدِّي إِلَّا أَنْ يُهْدَىٰ ۖ فَمَا لَكُمْ كَيْفَ تَحْكُمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အား)အသင်တို့၊ (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသူအသင်တို့တွင် မှန်ကန်ရာသို့ လမ်းညွှန်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလေသလောဟု မေးမြန်းပါလေ။ (တစ်ဖန်)အသင်ကပင် (၎င်း တို့အားဤသို့)ပြန်၍ ပြောကြားပါလေ။အလ္လာဟ်အသျှင်မြတ်ပင် မှန်ကန်ရာသို့ လမ်းညွှန်တော်မူ၏။သို့ဖြစ်ပေရာ မှန်ကန်ရာသို့ လမ်းညွှန်တော် မူသောအရှင်မြတ်သည် လိုက်နာခြင်းကို ပို၍ခံထိုက်တော်မူပါသလော၊ သို့ တည်းမဟုတ် မိမိကိုယ်တိုင် လမ်းညွှန်ခြင်းကို မခံရက မှန်ကန်သောတရားလမ်း ကို မရရှိသောသူသည် လိုက်နာခြင်းကိုပို၍ခံထိုက် လေသလော။ သို့ဖြစ်ပေရာ (ဤသည်တို့ကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ကြရန်) အသင်တို့တွင်မည်သည့် အကြောင်းရှိသနည်း။ အသင်တို့သည် မည်ကဲ့သို့ဆုံးဖြတ်ကြပါ သနည်း။
وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَفْعَلُونَ
စင်စစ် ၎င်း တို့အနက် အများဆုံးသောသူတို့ သည်(မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာ ကြကုန်၏။အမှန်စင်စစ်သော်ကား ထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်၍ အနည်းငယ်စိုးစဉ်းမျှပင်အကျိုးပေးသည်မဟုတ်ပေ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုမူလျက်ရှိသည်တို့ကိုအကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَا كَانَ هَٰذَا الْقُرْآنُ أَنْ يُفْتَرَىٰ مِنْ دُونِ اللَّهِ وَلَٰكِنْ تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ الْكِتَابِ لَا رَيْبَ فِيهِ مِنْ رَبِّ الْعَالَمِينَ
စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။

Choose other languages: