Quran Apps in many lanuages:

Surah Yunus Ayahs #40 Translated in Burmese

وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَفْعَلُونَ
စင်စစ် ၎င်း တို့အနက် အများဆုံးသောသူတို့ သည်(မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာ ကြကုန်၏။အမှန်စင်စစ်သော်ကား ထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်၍ အနည်းငယ်စိုးစဉ်းမျှပင်အကျိုးပေးသည်မဟုတ်ပေ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုမူလျက်ရှိသည်တို့ကိုအကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَا كَانَ هَٰذَا الْقُرْآنُ أَنْ يُفْتَرَىٰ مِنْ دُونِ اللَّهِ وَلَٰكِنْ تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ الْكِتَابِ لَا رَيْبَ فِيهِ مِنْ رَبِّ الْعَالَمِينَ
စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِسُورَةٍ مِثْلِهِ وَادْعُوا مَنِ اسْتَطَعْتُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။
بَلْ كَذَّبُوا بِمَا لَمْ يُحِيطُوا بِعِلْمِهِ وَلَمَّا يَأْتِهِمْ تَأْوِيلُهُ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ထိုသို့အလျဉ်းမဟုတ်၊ စင်စစ်မူကား ၎င်း တို့ သည်မိမိတို့ကိုယ်တိုင် မသိနားမလည်သောအရာကို(စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် တို့ထံ ယင်း၏ အကျိုးသည်လည်းရောက်ခဲ့သည်မရှိချေ။ ဤနည်းနှင်နှင် ၎င်း တို့အလျင် ရှေးအထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့ကလည်း မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ဖူးကြလေသည်။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) မတရားသောသူတို့သည် မည်သို့မည်ပုံ အကျိုးခံစားခဲ့ကြရသည်ကို အသင်သည် ကြည့်ရှုဆင်ခြင်ပါလေ။
وَمِنْهُمْ مَنْ يُؤْمِنُ بِهِ وَمِنْهُمْ مَنْ لَا يُؤْمِنُ بِهِ ۚ وَرَبُّكَ أَعْلَمُ بِالْمُفْسِدِينَ
ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

Choose other languages: