Quran Apps in many lanuages:

Surah Ya-Seen Ayahs #44 Translated in Burmese

لَا الشَّمْسُ يَنْبَغِي لَهَا أَنْ تُدْرِكَ الْقَمَرَ وَلَا اللَّيْلُ سَابِقُ النَّهَارِ ۚ وَكُلٌّ فِي فَلَكٍ يَسْبَحُونَ
နေသည် လကို မမီနိုင်ပေရာ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကို ကျော်လွန်နိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အသီးသီးတို့သည် ဂြိုဟ်နက္ခတ် သွားလာရာ လမ်းကြောင်းတစ်ခုစီ၌ ကူးခတ်သွားလာ၍ နေကြကုန်သတည်း။
وَآيَةٌ لَهُمْ أَنَّا حَمَلْنَا ذُرِّيَّتَهُمْ فِي الْفُلْكِ الْمَشْحُونِ
ထိုမှတစ်ပါး ၎င်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ်မှာ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့၏ သားမြေးတို့အား ဝန်ကုန်အပြည့်တင်ထားသော သင်္ဘောပေါ်၌ တင်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။
وَخَلَقْنَا لَهُمْ مِنْ مِثْلِهِ مَا يَرْكَبُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ထိုသင်္ဘောကဲ့သို့သော ၎င်းတို့စီးနင်းကြသော အခြားအရာ (အစီးအနင်း)များကိုလည်း ဖန်ဆင်းထားတော်မူခဲ့၏။
وَإِنْ نَشَأْ نُغْرِقْهُمْ فَلَا صَرِيخَ لَهُمْ وَلَا هُمْ يُنْقَذُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား နှစ်မြှုပ်တော်မူပေမည်။ သို့နှစ်မြှုပ်တော်မူခဲ့လျှင် ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။၎င်းတို့သည် လွတ်မြောက်စေခြင်း ခံကြရမည်လည်း မဟုတ်ပေ။
إِلَّا رَحْمَةً مِنَّا وَمَتَاعًا إِلَىٰ حِينٍ
(စင်စစ်) ငါအရှင်မြတ်သည် မိမိကရုဏာတော်အားဖြင့်လည်းကောင်း၊ သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အကျိုးခံစားစေခြင်းအားဖြင့်လည်းကောင်း၊ (ကယ်တင်ထားတော်မူခြင်းသာလျှင်) ဖြစ်ပေသတည်း။ (တစ်နည်း)သို့ရာတွင် (ဤသည်)ငါအရှင်မြတ်၏ ကရုဏာတော်ပင်ဖြစ်၏။ ထိုမှတစ်ပါး (၎င်းတို့အား) သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးခံစားစေခြင်းလည်းဖြစ်ပေသတည်း။

Choose other languages: