Quran Apps in many lanuages:

Surah Ya-Seen Ayahs #43 Translated in Burmese

وَالْقَمَرَ قَدَّرْنَاهُ مَنَازِلَ حَتَّىٰ عَادَ كَالْعُرْجُونِ الْقَدِيمِ
ထိုနည်းတူစွာ လသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ငါအရှင်မြတ်သည် ထိုလ၏အဖို့ ခရီးစခန်းများကို သတ်မှတ်တော်မူခဲ့ရာ နောက်ဆုံးတွင်မူ ထိုလမှာ ခြောက်သွေ့လျက်ရှိသော စွန်ပလွံကိုင်းကဲ့သို့ ပြန်၍ဖြစ်လာလေ၏။
لَا الشَّمْسُ يَنْبَغِي لَهَا أَنْ تُدْرِكَ الْقَمَرَ وَلَا اللَّيْلُ سَابِقُ النَّهَارِ ۚ وَكُلٌّ فِي فَلَكٍ يَسْبَحُونَ
နေသည် လကို မမီနိုင်ပေရာ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကို ကျော်လွန်နိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အသီးသီးတို့သည် ဂြိုဟ်နက္ခတ် သွားလာရာ လမ်းကြောင်းတစ်ခုစီ၌ ကူးခတ်သွားလာ၍ နေကြကုန်သတည်း။
وَآيَةٌ لَهُمْ أَنَّا حَمَلْنَا ذُرِّيَّتَهُمْ فِي الْفُلْكِ الْمَشْحُونِ
ထိုမှတစ်ပါး ၎င်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ်မှာ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့၏ သားမြေးတို့အား ဝန်ကုန်အပြည့်တင်ထားသော သင်္ဘောပေါ်၌ တင်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။
وَخَلَقْنَا لَهُمْ مِنْ مِثْلِهِ مَا يَرْكَبُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ထိုသင်္ဘောကဲ့သို့သော ၎င်းတို့စီးနင်းကြသော အခြားအရာ (အစီးအနင်း)များကိုလည်း ဖန်ဆင်းထားတော်မူခဲ့၏။
وَإِنْ نَشَأْ نُغْرِقْهُمْ فَلَا صَرِيخَ لَهُمْ وَلَا هُمْ يُنْقَذُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား နှစ်မြှုပ်တော်မူပေမည်။ သို့နှစ်မြှုပ်တော်မူခဲ့လျှင် ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။၎င်းတို့သည် လွတ်မြောက်စေခြင်း ခံကြရမည်လည်း မဟုတ်ပေ။

Choose other languages: