Quran Apps in many lanuages:

Surah Ta-Ha Ayahs #95 Translated in Burmese

قَالُوا لَنْ نَبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ
(ထိုအခါ) ယင်းအမျိုးသားတို့က ကျွန်ုပ်တို့သည်မိမိတို့ထံ မူစာပြန်မလာသမျှကာလပတ်လုံး ယင်းနွားရုပ်အပေါ်၌ အမြဲမပြတ် စွဲလမ်းလျက်ပင် ရှိကြမည်ဟု ပြောကြားခဲ့ကြ၏။
قَالَ يَا هَارُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوا
(ထို့နောက်) မူစာသည်(ပြန်လာပြီးလျှင် ဟာရူန်အား) အို-ဟာရူန် အသင်သည် ၎င်းတို့ လမ်းမှားခဲ့ကြသည်ကိုတွေ့မြင်ခဲ့သောအခါ၊
أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِي
အသင့်အား ကျွန်ုပ်ထံလိုက်လာခြင်းမှ မည်သည့်အရာက တားဆီးဘိသနည်း။ အသင်သည် ကျွန်ုပ်၏ အမိန့်ကိုဖီဆန်ခဲ့လေသလောဟု ပြောကြားခဲ့လေသည်။
قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَنْ تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي
(ထိုအခါ) ယင်းဟာရူန်က (ဤသို့) ပြောဆို (ဖြေကြား)ခဲ့၏။ အို-ကျွန်ုပ်၏မိခင်၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ဆွဲကိုင်ခြင်းမပြုပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်မူကား၊ အသင်သည် ကျွန်ုပ်(ပြောဆိုအံ့သော)စကားကို စောင့်ဆိုင်း(၍နားထောင်)ခြင်းမရှိဘဲ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အချင်းချင်း သွေးကွဲအောင်ပြုခဲ့သည်ဟု ပြောဆိုမည်ကို စိုးရိမ်မိခဲ့ပေသတည်း။
قَالَ فَمَا خَطْبُكَ يَا سَامِرِيُّ
မူစာက သို့ဖြစ်လျှင် အို-စာမိရီ၊ အသင်၏ရည်ရွယ်ချက်ကား အသို့နည်းဟု ပြောဆို(မေးမြန်း) ခဲ့လေသည်။

Choose other languages: