Quran Apps in many lanuages:

Surah Ta-Ha Ayahs #98 Translated in Burmese

قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَنْ تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي
(ထိုအခါ) ယင်းဟာရူန်က (ဤသို့) ပြောဆို (ဖြေကြား)ခဲ့၏။ အို-ကျွန်ုပ်၏မိခင်၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ဆွဲကိုင်ခြင်းမပြုပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်မူကား၊ အသင်သည် ကျွန်ုပ်(ပြောဆိုအံ့သော)စကားကို စောင့်ဆိုင်း(၍နားထောင်)ခြင်းမရှိဘဲ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အချင်းချင်း သွေးကွဲအောင်ပြုခဲ့သည်ဟု ပြောဆိုမည်ကို စိုးရိမ်မိခဲ့ပေသတည်း။
قَالَ فَمَا خَطْبُكَ يَا سَامِرِيُّ
မူစာက သို့ဖြစ်လျှင် အို-စာမိရီ၊ အသင်၏ရည်ရွယ်ချက်ကား အသို့နည်းဟု ပြောဆို(မေးမြန်း) ခဲ့လေသည်။
قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا بِهِ فَقَبَضْتُ قَبْضَةً مِنْ أَثَرِ الرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِي نَفْسِي
(ထိုအခါ) ၎င်းစာမိရီက ကျွန်ုပ်သည် အခြားသူတို့ မမြင်ခဲ့ကြသောအရာကို တွေ့မြင်ခဲ့ပါသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်သည် စေတမန်၏(မြင်း)ခြေရာမှ(မြေကြီး) လက်တစ်ဆုပ်ကို ဆုပ်ယူခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်သည် ထို(မြေကြီး)ကို(ဤနွားငယ်ကလေး၏ခန္ဓာကိုယ်တွင်)ပစ်ထည့်ခဲ့ပါသည်။စင်စစ် ကျွန်ုပ်၏စိတ်နှလုံးသည် ကျွန်ုပ်အား ဤအတိုင်းပင်ဖြားယောင်းခဲ့ပါသည်ဟု ပြောဆို (ဖြေကြား) လေ၏။
قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَنْ تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَنْ تُخْلَفَهُ ۖ وَانْظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَنُحَرِّقَنَّهُ ثُمَّ لَنَنْسِفَنَّهُ فِي الْيَمِّ نَسْفًا
(သို့ဖြစ်ပေရာ) ယင်းမူစာက (စာမိရီအားဤသို့)ပြောကြားခဲ့လေ၏။ (အို-စာမိရီ) အသင်သည်ထွက်သွားလော့။ဧကန်အမှန် အသင်၌ ဤဘဝသက်တမ်းတစ်လျှောက်တွင်(ခံစားရမည့်ပြစ်ဒဏ်ကား) အသင်သည် (မိမိအပါးသို့ ချဉ်းကပ်လာသူတို့ကို ကျွန်ုပ်အား မည်သူမျှ) ‘မထိရ’ ဟု ပြောဆိုနေရန်သာရှိပေသည်။ ၎င်းပြင် အသင့်အဖို့(နောင်တမလွန်၌ပြစ်ဒဏ်ခံစားရန်လည်း) ပြဌာန်းချက်တစ်ခု ရှိသေး၏။ အသင်သည်ယင်းပြဋ္ဌာန်းချက်မှ လွဲစေခြင်းကို အလျှင်း ခံရလိမ့်မည်မဟုတ်ပေ။ ထို့ပြင် အသင်သည် အစဉ်မပြတ် စွဲလမ်းလျက်ရှိခဲ့သော မိမိ ကိုးကွယ်ရာကို ရှုလော့။ ဧကန်မလွဲ ငါတို့သည်၎င်းအား မီးချပြီးနောက် အမှန်စင်စစ် ၎င်း(၏ပြာ)ကို မြစ်ထဲ၌ကြဲ(၍မျှော)ကြမည်ဖြစ်သည်။
إِنَّمَا إِلَٰهُكُمُ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَيْءٍ عِلْمًا
(စင်စစ်မှာမူကား) အသင်တို့၏ ခဝပ်ကိုးကွယ်ရာအရှင်သည် အကြင် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ် ရာအရှင်ဟူ၍ကားအလျှင်း မရှိပြီ။ ထိုအရှင်မြတ်သည် (မိမိ)အသိပညာတော်ဖြင့်အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူပေသတည်း။

Choose other languages: