Quran Apps in many lanuages:

Surah Ta-Ha Ayahs #94 Translated in Burmese

وَلَقَدْ قَالَ لَهُمْ هَارُونُ مِنْ قَبْلُ يَا قَوْمِ إِنَّمَا فُتِنْتُمْ بِهِ ۖ وَإِنَّ رَبَّكُمُ الرَّحْمَٰنُ فَاتَّبِعُونِي وَأَطِيعُوا أَمْرِي
အမှန်စင်စစ်သော်ကား ဟာရူန်က(မူစာ) ပြန်မရောက်မီကပင်ယင်းအမျိုးသားတို့အား(ဤသို့)ပြောဆို (သတိပေး)ခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ်အသင်တို့သည် ဤနွားရုပ်ကြောင့်လမ်းမှားခဲ့ကြရချေပြီ။ အမှန်စင်စစ်မှာမူကား အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ရဟ်မာန်အနန္တကရုဏာတော်ရှင်သာတည်း။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကိုလိုက်နာကြလေကုန်။
قَالُوا لَنْ نَبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ
(ထိုအခါ) ယင်းအမျိုးသားတို့က ကျွန်ုပ်တို့သည်မိမိတို့ထံ မူစာပြန်မလာသမျှကာလပတ်လုံး ယင်းနွားရုပ်အပေါ်၌ အမြဲမပြတ် စွဲလမ်းလျက်ပင် ရှိကြမည်ဟု ပြောကြားခဲ့ကြ၏။
قَالَ يَا هَارُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوا
(ထို့နောက်) မူစာသည်(ပြန်လာပြီးလျှင် ဟာရူန်အား) အို-ဟာရူန် အသင်သည် ၎င်းတို့ လမ်းမှားခဲ့ကြသည်ကိုတွေ့မြင်ခဲ့သောအခါ၊
أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِي
အသင့်အား ကျွန်ုပ်ထံလိုက်လာခြင်းမှ မည်သည့်အရာက တားဆီးဘိသနည်း။ အသင်သည် ကျွန်ုပ်၏ အမိန့်ကိုဖီဆန်ခဲ့လေသလောဟု ပြောကြားခဲ့လေသည်။
قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَنْ تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي
(ထိုအခါ) ယင်းဟာရူန်က (ဤသို့) ပြောဆို (ဖြေကြား)ခဲ့၏။ အို-ကျွန်ုပ်၏မိခင်၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ဆွဲကိုင်ခြင်းမပြုပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်မူကား၊ အသင်သည် ကျွန်ုပ်(ပြောဆိုအံ့သော)စကားကို စောင့်ဆိုင်း(၍နားထောင်)ခြင်းမရှိဘဲ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အချင်းချင်း သွေးကွဲအောင်ပြုခဲ့သည်ဟု ပြောဆိုမည်ကို စိုးရိမ်မိခဲ့ပေသတည်း။

Choose other languages: