Quran Apps in many lanuages:

Surah Ta-Ha Ayahs #130 Translated in Burmese

قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ
(ထိုအခါ) ထိုအရှင်မြတ်သည်(ဤသို့)မိန့် ကြားတော်မူပေမည်။ (ဤကိစ္စသည်) ဤအတိုင်းပင် ဖြစ်ပေမည်။ငါအရှင်မြတ်၏ သက်သေသာဓကများသည် အသင့်ထံ ရောက်ရှိလာခဲ့သောအခါ အသင်သည် ထိုသက်သေ သာဓကများကို(ယုံကြည်လက်ခံခြင်းမပြုဘဲ) စွန့်ထားခဲ့လေသည်။ ထိုနည်းအတိုင်းပင် ယနေ့အသင်သည်လည်း စွန့်ထားခြင်းကိုခံရပေမည်။
وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِنْ بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ
စင်စစ်သော်ကား ဤအတိုင်းပင် ငါအရှင်မြတ်သည် အကြင်သူအား အစားပေးတော်မူပေမည်။ ထိုသူသည်စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခဲ့ပေသည်။ ၎င်းပြင် ထိုသူသည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေသာဓကများကိုလည်း မယုံကြည်ခဲ့ချေ။ စင်စစ်ဧကန်တမလွန်ဘဝ၏ ပြစ်ဒဏ်သည်ကား ပိုမို၍ပင်ပြင်းထန်လှ၏။၎င်းပြင် ပိုမို၍ပင် တည်မြဲလှပေသတည်း။
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
အသို့ပါနည်း၊ ငါအရှင်မြတ်သည် ၎င်းတို့ အလျင်များစွာသောရှေးလူဟောင်းတို့ကို ပျက်စီး စေတော်မူခဲ့ခြင်းသည်၎င်းတို့အား တရားလမ်းမှန်ကို မရစေခဲ့လေသလော။ ၎င်းတို့သည် ထိုရှေးလူဟောင်းများ၏ နေထိုင်ရာနေရာများတွင်သွားလာလှုပ်ရှားလျက် ရှိကြပေသည်။ ဧကန်စင်စစ် ဤသည်၌ ဆင်ခြင်တုံတရားရှိသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိကုန်၏။
وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى
စင်စစ် အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည်လည်းကောင်း၊ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလတစ်ခုသည်လည်းကောင်း၊ မူလကပင် မရှိခဲ့ပါလျှင် အမှန်ပင်(ပြစ်ဒဏ်သည် ၎င်းတို့အပေါ်၌)မလွှဲမရှောင်သာဆိုက်ရောက်ခဲ့မည်သာ။
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့ပြောဆိုကြသော ကိစ္စနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ထို့ပြင် အသင်သည် (မိမိ)ကျေနပ်မှုရှိအံ့သောငှာ နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (ထိုအရှင်မြတ်အား) ဂုဏ်တော်မွှမ်းပါလေ။ ထို့ပြင် အသင်သည်ညဉ့်အချိန်များတွင်လည်းကောင်း၊ နေ့၏အစွန်များ၌ လည်းကောင်း၊ (ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော် မူကြောင်းကိုမြွက်ဆိုပါလေ။ (ဤသို့အားဖြင့်)အသင်သည် ထိုအရှင်မြတ်၏နှစ်သက်မှုကို ရတန်ရာ၏။

Choose other languages: