Quran Apps in many lanuages:

Surah Ta-Ha Ayahs #132 Translated in Burmese

أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
အသို့ပါနည်း၊ ငါအရှင်မြတ်သည် ၎င်းတို့ အလျင်များစွာသောရှေးလူဟောင်းတို့ကို ပျက်စီး စေတော်မူခဲ့ခြင်းသည်၎င်းတို့အား တရားလမ်းမှန်ကို မရစေခဲ့လေသလော။ ၎င်းတို့သည် ထိုရှေးလူဟောင်းများ၏ နေထိုင်ရာနေရာများတွင်သွားလာလှုပ်ရှားလျက် ရှိကြပေသည်။ ဧကန်စင်စစ် ဤသည်၌ ဆင်ခြင်တုံတရားရှိသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိကုန်၏။
وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى
စင်စစ် အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည်လည်းကောင်း၊ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလတစ်ခုသည်လည်းကောင်း၊ မူလကပင် မရှိခဲ့ပါလျှင် အမှန်ပင်(ပြစ်ဒဏ်သည် ၎င်းတို့အပေါ်၌)မလွှဲမရှောင်သာဆိုက်ရောက်ခဲ့မည်သာ။
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့ပြောဆိုကြသော ကိစ္စနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ထို့ပြင် အသင်သည် (မိမိ)ကျေနပ်မှုရှိအံ့သောငှာ နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (ထိုအရှင်မြတ်အား) ဂုဏ်တော်မွှမ်းပါလေ။ ထို့ပြင် အသင်သည်ညဉ့်အချိန်များတွင်လည်းကောင်း၊ နေ့၏အစွန်များ၌ လည်းကောင်း၊ (ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော် မူကြောင်းကိုမြွက်ဆိုပါလေ။ (ဤသို့အားဖြင့်)အသင်သည် ထိုအရှင်မြတ်၏နှစ်သက်မှုကို ရတန်ရာ၏။
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ
ထို့ပြင် အသင်သည် ငါအရှင်မြတ်က ယင်း (ကာဖိရ်မိစ္ဆာဝါဒီ)တို့အနက် လူတန်းစားအမျိုးမျိုးတို့အား အကျိုးခံစားစေတော်မူခဲ့သော ဥစ္စာပစ္စည်းကို မိမိမျက်စိအစုံဖြင့် မော်၍မျှ မကြည့်ပါလေနှင့်။ (အမှန်သော်ကား) ငါအရှင်မြတ်သည်ယင်းဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းတို့အား စမ်းသပ်တော်မူရန်သာလျှင်(အကျိုးခံစားစေတော်မူခြင်းပင်)ဖြစ်ချေသည်။စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ချီးမြှင့်တော်မူသော)စားနပ်ရိက္ခာသည်သာလျှင် အကောင်းဆုံး၊ ထို့အပြင် အကြာရှည်ဆုံး အတည်မြဲဆုံးဖြစ်ပေသည်။
وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ
၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။

Choose other languages: