Quran Apps in many lanuages:

Surah Saba Ayahs #45 Translated in Burmese

قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။
فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنْتُمْ بِهَا تُكَذِّبُونَ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား အသင်တို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောငရဲမီး ၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟုမိန့်ကြား တော်မူအံ့သတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَنْ يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များသည် ၎င်းတို့၏ရှေ့မှောက်ဝယ် ဖတ်ကြားခြင်းခံခဲ့ကြရလေသောအခါ ၎င်းတို့က ဤသူသည်အသင်တို့အား အသင်တို့၏ အဖ ဘိုးဘေးတို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်များကို (ဆည်းကပ်ကိုးကွယ်ခြင်း)မှပိတ်ပင်တားဆီးလိုသူတစ်ဦးသာလျှင်ဖြစ်သည် ဟု ပြောဆိုခဲ့ကြသည့်ပြင် ဤ(ကုရ်အာန်)သည် ကြံဖန်လီဆယ်ထားသောမုသားစကားတစ်ရပ်သာလျှင် ဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။ ထိုမှတပါး ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြသောသူတို့က မိမိတို့ထံ အမှန်တရား ရောက်ရှိ၍ လာသောအခါယင်းအမှန်တရားနှင့် စပ်လျဉ်း၍ ဤသည် ထင်ရှားစွာသောပဉ္စလက်အတတ် ပညာတရပ်သာလျှင်ဖြစ်သည် ဟု ဆိုကြကုန်၏။
وَمَا آتَيْنَاهُمْ مِنْ كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِنْ نَذِيرٍ
စင်စစ်မှာမူကား ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ သည်လည်းမဟုတ်။ ၎င်းတို့သည် ယင်းကျမ်းဂန်များကို ဖတ်ရွတ်သင်ကြားလျက်ရှိကြသည်(လည်းမဟုတ် ပေ)၊ ငါအရှင်မြတ်သည် အသင့်အလျင် ၎င်းတို့ထံ သတိပေး နှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှစေလွှတ် တော်မူခဲ့သည်လည်း မဟုတ်ပေ။
وَكَذَّبَ الَّذِينَ مِنْ قَبْلِهِمْ وَمَا بَلَغُوا مِعْشَارَ مَا آتَيْنَاهُمْ فَكَذَّبُوا رُسُلِي ۖ فَكَيْفَ كَانَ نَكِيرِ
၎င်းတို့အလျင် ရှိခဲ့ကြသောသူများသည်လည်းမဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ် ဤ(လက်ရှိ)သူတို့မှာ ထို(ရှေး)သူတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (စည်းစိမ်ချမ်းသာ)၏ ဆယ်ပုံတစ်ပုံကိုမျှရရှိကြသည် မဟုတ်ပေ။ မည်သို့ ပင်ဖြစ်စေ၊ ထို(ရှေး)သူတို့သည်ငါအရှင်မြတ်၏ ရစူလ်တမန်တော်များအား မုသာဝါဒီများဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ကားမည်သို့ရှိခဲ့ချေသနည်း။

Choose other languages: