Quran Apps in many lanuages:

Surah Muhammad Ayahs #20 Translated in Burmese

وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ حَتَّىٰ إِذَا خَرَجُوا مِنْ عِنْدِكَ قَالُوا لِلَّذِينَ أُوتُوا الْعِلْمَ مَاذَا قَالَ آنِفًا ۚ أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَاتَّبَعُوا أَهْوَاءَهُمْ
စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို ချီးမြှင့်ခံကြရသော ပုဂ္ဂိုလ်တို့အား ယခု ဤသူ(တမန်တော်မြတ်သည်) မည်သည့်စကား ပြောဆိုခဲ့ပါသနည်းဟု မေးမြန်းကြကုန်၏။ ထိုသူတို့သည်ပင်လျှင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာကြကုန်၏။
وَالَّذِينَ اهْتَدَوْا زَادَهُمْ هُدًى وَآتَاهُمْ تَقْوَاهُمْ
သို့ရာတွင် တရားလမ်းမှန်ကို ရရှိခဲ့ကြသော သူတို့ကိုမူကား ထိုအရှင်မြတ်သည် ပိုမို၍ပင် တရားလမ်းမှန်ကိုပြသတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့အား တက္ကဝါတရားကိုလည်း ချီးမြှင့်ပေးသနားတော်မူ၏။
فَهَلْ يَنْظُرُونَ إِلَّا السَّاعَةَ أَنْ تَأْتِيَهُمْ بَغْتَةً ۖ فَقَدْ جَاءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَاءَتْهُمْ ذِكْرَاهُمْ
စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။
فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنْبِكَ وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَاللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَاكُمْ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာ သိရှိယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အားလုံးတို့)၏ လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنْزِلَتْ سُورَةٌ مُحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يَنْظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့် မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။

Choose other languages: