Quran Apps in many lanuages:

Surah Ibrahim Ayahs #17 Translated in Burmese

وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُمْ مِنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။
وَلَنُسْكِنَنَّكُمُ الْأَرْضَ مِنْ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။
وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ
ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။
مِنْ وَرَائِهِ جَهَنَّمُ وَيُسْقَىٰ مِنْ مَاءٍ صَدِيدٍ
၎င်း၏ရှေ့ဝယ် ဂျဟန္နမ်ငရဲဘုံသည် ရှိနေပေသည်။ ၎င်းပြင် ယင်းသည် ပြည်ပုပ်ရေတိုက်ကျွေးခြင်းကို ခံရပေမည်။
يَتَجَرَّعُهُ وَلَا يَكَادُ يُسِيغُهُ وَيَأْتِيهِ الْمَوْتُ مِنْ كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍ ۖ وَمِنْ وَرَائِهِ عَذَابٌ غَلِيظٌ
(၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။

Choose other languages: