Quran Apps in many lanuages:

Surah Hud Ayahs #68 Translated in Burmese

وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။
فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
သို့(သတိပေးခဲ့)ပါလျက် ၎င်းတို့သည် ယင်းကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြလေသည်။ ထိုအခါထို(နဗီတမန်တော်)ဆွာလိဟ်သည် (၎င်းတို့အား ဤသို့)ပြောကြားခဲ့လေသည်။ (ဟယ်အချင်းတို့) အသင်တို့သည် သုံးရက်မျှတိုင်အောင် မိမိတို့၏နေအိမ်များတွင် စည်းစိမ်ခံ၍နေ ထိုင်ကြဦးလော့။ (ထို့နောက်တွင် ပြစ်ဒဏ်သက်ရောက်တော်မူမည်)။ဤသည်မုသားမဟုတ်၊ (ပကတိမှန်ကန်)သော ချိန်းချက်ပင်တည်း။
فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။
وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
သို့ရာတွင် မတရားပြုမူသောသူတို့အား ကျယ်လောင်သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့နေအိမ်များတွင် နံနက်အချိန်၌မှောက်လျက်(သေကြေပျက်စီးသွားခဲ့ကြလေသည်။)
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِثَمُودَ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့ကြလေသည်။ သတိပြုကြလေကုန်။ဧကန်အမှန်ဆမူဒ် အမျိုးသားတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို သွေဖည်ငြင်းဆန်ခဲ့ကြကုန်သည်။ သတိပြုကြလေကုန်။ ဆမူဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။

Choose other languages: