Quran Apps in many lanuages:

Surah Hud Ayahs #69 Translated in Burmese

فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
သို့(သတိပေးခဲ့)ပါလျက် ၎င်းတို့သည် ယင်းကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြလေသည်။ ထိုအခါထို(နဗီတမန်တော်)ဆွာလိဟ်သည် (၎င်းတို့အား ဤသို့)ပြောကြားခဲ့လေသည်။ (ဟယ်အချင်းတို့) အသင်တို့သည် သုံးရက်မျှတိုင်အောင် မိမိတို့၏နေအိမ်များတွင် စည်းစိမ်ခံ၍နေ ထိုင်ကြဦးလော့။ (ထို့နောက်တွင် ပြစ်ဒဏ်သက်ရောက်တော်မူမည်)။ဤသည်မုသားမဟုတ်၊ (ပကတိမှန်ကန်)သော ချိန်းချက်ပင်တည်း။
فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။
وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
သို့ရာတွင် မတရားပြုမူသောသူတို့အား ကျယ်လောင်သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့နေအိမ်များတွင် နံနက်အချိန်၌မှောက်လျက်(သေကြေပျက်စီးသွားခဲ့ကြလေသည်။)
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِثَمُودَ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့ကြလေသည်။ သတိပြုကြလေကုန်။ဧကန်အမှန်ဆမူဒ် အမျိုးသားတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို သွေဖည်ငြင်းဆန်ခဲ့ကြကုန်သည်။ သတိပြုကြလေကုန်။ ဆမူဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
وَلَقَدْ جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا سَلَامًا ۖ قَالَ سَلَامٌ ۖ فَمَا لَبِثَ أَنْ جَاءَ بِعِجْلٍ حَنِيذٍ
၎င်းပြင် မချွတ်မလွဲ ငါ၏အရှင်မြတ်၏ကောင်းကင်တမန်များသည် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို ဆောင်ယူခဲ့ကြလေသည်။ (ထို့နောက်) ၎င်းတို့က (နဗီတမန်တော်အစ်ဗ်ရာဟီမ်အား) စလာမ်(အသင်သည်) ငြိမ်းချမ်းစွာရှိပါစေသား ဟုပြောဆို(နှုတ်ခွန်းဆက်)ခဲ့ကြပေရာ၊ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်က (အသင်တို့သည်လည်း) ငြိမ်းချမ်းစွာ ရှိကြပါစေသားဟု(တုန့်ပြန်)ပြောဆို(နှုတ်ခွန်းဆက်)ခဲ့လေ၏။ ထို့နောက် ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ကင်ထားသော နွားကလေးကိုမဆိုင်းမတွ ယူဆောင်(၍ဧည့်ခံ)ခဲ့လေသည်။

Choose other languages: