Quran Apps in many lanuages:

Surah Hud Ayahs #72 Translated in Burmese

كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِثَمُودَ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့ကြလေသည်။ သတိပြုကြလေကုန်။ဧကန်အမှန်ဆမူဒ် အမျိုးသားတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို သွေဖည်ငြင်းဆန်ခဲ့ကြကုန်သည်။ သတိပြုကြလေကုန်။ ဆမူဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
وَلَقَدْ جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا سَلَامًا ۖ قَالَ سَلَامٌ ۖ فَمَا لَبِثَ أَنْ جَاءَ بِعِجْلٍ حَنِيذٍ
၎င်းပြင် မချွတ်မလွဲ ငါ၏အရှင်မြတ်၏ကောင်းကင်တမန်များသည် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို ဆောင်ယူခဲ့ကြလေသည်။ (ထို့နောက်) ၎င်းတို့က (နဗီတမန်တော်အစ်ဗ်ရာဟီမ်အား) စလာမ်(အသင်သည်) ငြိမ်းချမ်းစွာရှိပါစေသား ဟုပြောဆို(နှုတ်ခွန်းဆက်)ခဲ့ကြပေရာ၊ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်က (အသင်တို့သည်လည်း) ငြိမ်းချမ်းစွာ ရှိကြပါစေသားဟု(တုန့်ပြန်)ပြောဆို(နှုတ်ခွန်းဆက်)ခဲ့လေ၏။ ထို့နောက် ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ကင်ထားသော နွားကလေးကိုမဆိုင်းမတွ ယူဆောင်(၍ဧည့်ခံ)ခဲ့လေသည်။
فَلَمَّا رَأَىٰ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةً ۚ قَالُوا لَا تَخَفْ إِنَّا أُرْسِلْنَا إِلَىٰ قَوْمِ لُوطٍ
တစ်ဖန် ထိုစေတမန်များ၏ လက်များသည်ထိုကင်ထားသော နွားကလေးသို့ ကမ်းလှမ်းခြင်းမရှိသည်ကိုယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်တွေ့မြင်ခဲ့လေရာ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ၎င်းတို့အား မယုံသင်္ကာဖြစ်ခဲ့လေ၏။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(မိမိ)စိတ်ထဲတွင် ၎င်းတို့ဖက်မှစိုးရိမ်ခဲ့လေ၏။ (ထိုအခါ) ၎င်းစေတမန်တို့က (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည်မစိုးရိမ်ပါလေနှင့်၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (နဗီတမန်တော်လူ(တ်)၏အမျိုးသားတို့ထံ စေလွှတ်ခြင်းခံခဲ့ကြရ(ကုန်သောကောင်းကင်စေတမန်များပင်ဖြစ်ကြ)သည်ဟု ပြောဆိုခဲ့ကြလေသတည်း။
وَامْرَأَتُهُ قَائِمَةٌ فَضَحِكَتْ فَبَشَّرْنَاهَا بِإِسْحَاقَ وَمِنْ وَرَاءِ إِسْحَاقَ يَعْقُوبَ
ထိုအခါ ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ကြင်ရာတော်(စာရာ)သည် မတ်တပ်ရပ်လျက်ရှိခဲ့ပေရာ(ဤအဖြစ်အပျက်ကိုသိမြင်၍)ရယ်မောခဲ့လေ၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) ကြင်ရာတော်အား (ယင်းစေတမန်တို့မှတစ်ဆင့် နဗီတမန်တော်)အစ္စဟာက်(ကိုဖွားမြင်မည့်အကြောင်း)နှင့် ထို(နဗီတမန်တော်)အစ္စဟာက်၏နောက်တွင် (မြေးတော်နဗီတမန်တော်) ယအ်ကူဗ်(သည်လည်းဖွားမြင်မည့်အကြောင်း) သတင်းကောင်းကိုပြောကြားတော်မူခဲ့လေ၏။
قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ
(ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း အသက်အရွယ်ကြီးရင့်သောအဘိုးအိုတစ်ဦးပင်ဖြစ်ချေသည်။ ဧကန်စင်စစ် ဤသည်အလွန်အံ့ဖွယ်ရာ စကားတစ်ရပ်ပင်ဖြစ်ပေသည်တကားဟုပြောဆိုခဲ့ပေသတည်း။

Choose other languages: