Quran Apps in many lanuages:

Surah Ghafir Ayahs #74 Translated in Burmese

الَّذِينَ كَذَّبُوا بِالْكِتَابِ وَبِمَا أَرْسَلْنَا بِهِ رُسُلَنَا ۖ فَسَوْفَ يَعْلَمُونَ
အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။
إِذِ الْأَغْلَالُ فِي أَعْنَاقِهِمْ وَالسَّلَاسِلُ يُسْحَبُونَ
အကြင်အခါဝယ် ထိုသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများနှင့် သံကြိုးများသည် ရှိနေကြပေမည်။(ထို့ပြင်)၎င်းတို့သည် ဒရွတ်တိုက်ဆွဲချခြင်းကို ခံကြရပေမည်။
فِي الْحَمِيمِ ثُمَّ فِي النَّارِ يُسْجَرُونَ
ကျိုက်ကျိုက်ဆူလျက်ရှိသော ရေနွေးပူ၌။ ထို့နောက် ၎င်းတို့သည် ငရဲမီးထဲသို့ တွန်းထိုးခြင်းကို ခံကြရပေမည်။
ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنْتُمْ تُشْرِكُونَ
ထို့နောက် ၎င်းတို့သည် (ဤသို့) ပြောဆို (မေးမြန်း)ခြင်းကို ခံကြရပေမည်။ အသင်တို့ တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)လေ့ရှိကြသော အရာများသည် အဘယ်မှာနည်း။
مِنْ دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا بَلْ لَمْ نَكُنْ نَدْعُو مِنْ قَبْلُ شَيْئًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ الْكَافِرِينَ
အလ္လာဟ်အရှင်မြတ်နှင့်အတူ ၎င်းတို့က လျှောက်ထားကြပေမည်။ ၎င်းတို့မှာ ကျွန်တော်မျိုးတို့ထံမှ ပျောက်သွားကြပါပြီ။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်တော်မျိုးသည် ယခင်က မည်သည့် တစ်စုံတစ်ရာမျှပင် ဟစ်ခေါ်တသ(ဆည်းကပ်ကိုးကွယ်)ခြင်းမပြုခဲ့ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြသောသူတို့အား လမ်းမှား၌ပင် နေမြဲနေစေတော်မူ၏။

Choose other languages: