Quran Apps in many lanuages:

Surah Ghafir Ayahs #73 Translated in Burmese

أَلَمْ تَرَ إِلَى الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ أَنَّىٰ يُصْرَفُونَ
(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြသောသူတို့အား မမြင်လေသလော။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။
الَّذِينَ كَذَّبُوا بِالْكِتَابِ وَبِمَا أَرْسَلْنَا بِهِ رُسُلَنَا ۖ فَسَوْفَ يَعْلَمُونَ
အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။
إِذِ الْأَغْلَالُ فِي أَعْنَاقِهِمْ وَالسَّلَاسِلُ يُسْحَبُونَ
အကြင်အခါဝယ် ထိုသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများနှင့် သံကြိုးများသည် ရှိနေကြပေမည်။(ထို့ပြင်)၎င်းတို့သည် ဒရွတ်တိုက်ဆွဲချခြင်းကို ခံကြရပေမည်။
فِي الْحَمِيمِ ثُمَّ فِي النَّارِ يُسْجَرُونَ
ကျိုက်ကျိုက်ဆူလျက်ရှိသော ရေနွေးပူ၌။ ထို့နောက် ၎င်းတို့သည် ငရဲမီးထဲသို့ တွန်းထိုးခြင်းကို ခံကြရပေမည်။
ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنْتُمْ تُشْرِكُونَ
ထို့နောက် ၎င်းတို့သည် (ဤသို့) ပြောဆို (မေးမြန်း)ခြင်းကို ခံကြရပေမည်။ အသင်တို့ တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)လေ့ရှိကြသော အရာများသည် အဘယ်မှာနည်း။

Choose other languages: