Quran Apps in many lanuages:

Surah Ghafir Ayahs #76 Translated in Burmese

فِي الْحَمِيمِ ثُمَّ فِي النَّارِ يُسْجَرُونَ
ကျိုက်ကျိုက်ဆူလျက်ရှိသော ရေနွေးပူ၌။ ထို့နောက် ၎င်းတို့သည် ငရဲမီးထဲသို့ တွန်းထိုးခြင်းကို ခံကြရပေမည်။
ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنْتُمْ تُشْرِكُونَ
ထို့နောက် ၎င်းတို့သည် (ဤသို့) ပြောဆို (မေးမြန်း)ခြင်းကို ခံကြရပေမည်။ အသင်တို့ တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)လေ့ရှိကြသော အရာများသည် အဘယ်မှာနည်း။
مِنْ دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا بَلْ لَمْ نَكُنْ نَدْعُو مِنْ قَبْلُ شَيْئًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ الْكَافِرِينَ
အလ္လာဟ်အရှင်မြတ်နှင့်အတူ ၎င်းတို့က လျှောက်ထားကြပေမည်။ ၎င်းတို့မှာ ကျွန်တော်မျိုးတို့ထံမှ ပျောက်သွားကြပါပြီ။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်တော်မျိုးသည် ယခင်က မည်သည့် တစ်စုံတစ်ရာမျှပင် ဟစ်ခေါ်တသ(ဆည်းကပ်ကိုးကွယ်)ခြင်းမပြုခဲ့ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြသောသူတို့အား လမ်းမှား၌ပင် နေမြဲနေစေတော်မူ၏။
ذَٰلِكُمْ بِمَا كُنْتُمْ تَفْرَحُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنْتُمْ تَمْرَحُونَ
ထို(ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမ္ဘာလောက၌ မတရားသဖြင့် ရွှင်မြူးလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ဝင့်ကြွားလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ (ခံစားကြရခြင်း) ဖြစ်၏။
ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
(ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ် ဘဝင်မြင့် မာန်မာနထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနမှာမူကား လွန်စွာ ဆိုးရွားလှပေသတည်း။

Choose other languages: