Quran Apps in many lanuages:

Surah Ghafir Ayahs #52 Translated in Burmese

قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا كُلٌّ فِيهَا إِنَّ اللَّهَ قَدْ حَكَمَ بَيْنَ الْعِبَادِ
(ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။
وَقَالَ الَّذِينَ فِي النَّارِ لِخَزَنَةِ جَهَنَّمَ ادْعُوا رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِنَ الْعَذَابِ
ထို့နောက် ငရဲမီး၌ရှိကြသူ(အားလုံး)တို့သည် "ဂျဟန္နမ်" ငရဲဘုံကိုစောင့်ကြပ်သော("မလာအိကဟ်"ကောင်းကင်တမန်)တို့အား "အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ဆုတောင်းပတ္ထနာပြုကြပါလျှင် ထိုအရှင်မြတ်သည် တစ်နေ့တလေမျှပင် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့စေတော်မူမည်"ဟု ပြောဆို(အသနားခံ)ကြပေမည်။
قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُمْ بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
(ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု ပြောဆို(မေးမြန်း)လေသော်၊ ၎င်းတို့က "အဘယ်ကြောင့် မဟုတ်ပါသနည်း။"(အမှန်ပင် ယူဆောင်ခဲ့ကြပေသည်)ဟု ပြောဆို(ဖြေကြား)ကြပေမည်။ (ထိုအခါ)ထိုအစောင့်အကြပ်တို့က "သို့ဖြစ်လျှင် အသင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပတ္ထနာ ပြုကြကုန်လော့။" ဟု ပြန်ကြားကြပေမည်။ စင်စစ်သော်ကား (နောင်တမလွန်ဘဝ၌)"ကာဖိရ်"သွေဖည်ငြင်းပယ်သောသူတို့၏ ဆုတောင်းပတ္ထနာသည် အချည်းနှီးပင်
إِنَّا لَنَنْصُرُ رُسُلَنَا وَالَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا وَيَوْمَ يَقُومُ الْأَشْهَادُ
မလွဲဧကန် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အား လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ၎င်းမျက်မှောက်လောကီဘဝ၌လည်း ကူညီစောင်မလျက်ရှိတော်မူ၏။ သက်သေများရပ်ကြမည့်("ကိယာမတ်"ရှင်ပြန်ထမည့်) နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။)
يَوْمَ لَا يَنْفَعُ الظَّالِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
အကြင်နေ့တွင် ကျူးလွန်သူတို့အား ၎င်းတို့၏အကြောင်းပြချက်သည် အကျိုးမပေးမည်သာမက၊ ၎င်းတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ဆိုးရွားလှသော ဌာနလည်းရှိပေမည်။

Choose other languages: