Quran Apps in many lanuages:

Surah Ghafir Ayahs #55 Translated in Burmese

إِنَّا لَنَنْصُرُ رُسُلَنَا وَالَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا وَيَوْمَ يَقُومُ الْأَشْهَادُ
မလွဲဧကန် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အား လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ၎င်းမျက်မှောက်လောကီဘဝ၌လည်း ကူညီစောင်မလျက်ရှိတော်မူ၏။ သက်သေများရပ်ကြမည့်("ကိယာမတ်"ရှင်ပြန်ထမည့်) နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။)
يَوْمَ لَا يَنْفَعُ الظَّالِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
အကြင်နေ့တွင် ကျူးလွန်သူတို့အား ၎င်းတို့၏အကြောင်းပြချက်သည် အကျိုးမပေးမည်သာမက၊ ၎င်းတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ဆိုးရွားလှသော ဌာနလည်းရှိပေမည်။
وَلَقَدْ آتَيْنَا مُوسَى الْهُدَىٰ وَأَوْرَثْنَا بَنِي إِسْرَائِيلَ الْكِتَابَ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် "မူစာ"အား တရားလမ်းညွှန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပြီး ဖြစ်၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် အီစ်ရာအီလီ အမျိုးသားတို့အား ကျမ်းဂန်ကို အမွေပေးတော်မူခဲ့၏။
هُدًى وَذِكْرَىٰ لِأُولِي الْأَلْبَابِ
အသိဉာဏ်ရှိသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ဆုံးမဩဝါဒအဖြစ်လည်းကောင်း၊
فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنْبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ
သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။

Choose other languages: