Quran Apps in many lanuages:

Surah Ghafir Ayahs #42 Translated in Burmese

وَقَالَ الَّذِي آمَنَ يَا قَوْمِ اتَّبِعُونِ أَهْدِكُمْ سَبِيلَ الرَّشَادِ
ထို့ပြင် (ထို) "မုအ်မင်န်" သက်ဝင်ယုံကြည်သူသည် (ဤသို့)ပြောဆိုခဲ့လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏နောက်သို့ လိုက်ခဲ့ကြလေကုန်။ ကျွန်ုပ်သည် အသင်တို့အား တရားလမ်းမှန်သို့ ပို့ဆောင်အံ့။
يَا قَوْمِ إِنَّمَا هَٰذِهِ الْحَيَاةُ الدُّنْيَا مَتَاعٌ وَإِنَّ الْآخِرَةَ هِيَ دَارُ الْقَرَارِ
အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဤမျက်မှောက်လောကီဘဝသည် အနည်းငယ်မျှ အကျိုးကျေးဇူးခံစားမှုသာ ဖြစ်ပေသည်။ သို့ရာတွင် အာခိရတ် တမလွန်ဘဝမှာမူကား ယင်းသည်သာလျှင် ဧကန်စင်စစ် အမြဲနေထိုင်ရန်ဌာနဖြစ်၏။
مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ
မည်သူမဆို မကောင်းမှုဒုစရိုက် တစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့် (ပြစ်ဒဏ်)ကိုသာ အစားပေးခြင်း ခံရပေမည်။ သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န် သက်ဝင် ယုံကြည်သူလည်း ဖြစ်ပါမူ၊ ထိုကဲ့သို့သောသူတို့မှာ "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံတွင် ရေတွက်ခြင်းမရှိဘဲ စားနပ်ရိက္ခာကို ချီးမြှင့်ကျွေးမွေးခြင်းကို ခံကြရကုန်အံ့သတည်း။
وَيَا قَوْمِ مَا لِي أَدْعُوكُمْ إِلَى النَّجَاةِ وَتَدْعُونَنِي إِلَى النَّارِ
ထိုမှတစ်ပါး၊ အို - ကျွန်ုပ်၏ အမျိုးသားတို့၊ အသို့ပါနည်း။ ကျွန်ုပ်သည် အသင်တို့အား (ပြစ်ဒဏ်မှ) ကင်းလွတ်ရာသို့ ဖိတ်ခေါ်နေပါသည်။ သို့သော် အသင်တို့သည်မူ ကျွန်ုပ်အား ငရဲမီးသို့ ဖိတ်ခေါ်နေကြပါသည်။
تَدْعُونَنِي لِأَكْفُرَ بِاللَّهِ وَأُشْرِكَ بِهِ مَا لَيْسَ لِي بِهِ عِلْمٌ وَأَنَا أَدْعُوكُمْ إِلَى الْعَزِيزِ الْغَفَّارِ
အသင်တို့သည် ကျွန်ုပ်အား ကျွန်ုပ် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ်ရန်လည်းကောင်း၊ ကျွန်ုပ်တွင် မည်သည့်အသိပညာ၊ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှမရှိသောအရာကို ကျွန်ုပ် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည် အသင်တို့အား လွန်စွာနိုင်နင်း၊ လွှမ်းမိုးတော်မူသော၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အရှင်မြတ်အထံတော်သို့ပင် ဖိတ်ခေါ်လျက် ရှိပေသည်။

Choose other languages: