Quran Apps in many lanuages:

Surah Fussilat Ayahs #8 Translated in Burmese

بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ
သတင်းကောင်း ပြောကြားသည်၊ သတိပေးနှိုးဆော်သည်၊ သို့ရာတွင် ၎င်းတို့အနက် အများဆုံး သောသူတို့မှာမျက်နှာလွှဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားထောင်ကြသည်ပင် မဟုတ်ပေ။
وَقَالُوا قُلُوبُنَا فِي أَكِنَّةٍ مِمَّا تَدْعُونَا إِلَيْهِ وَفِي آذَانِنَا وَقْرٌ وَمِنْ بَيْنِنَا وَبَيْنِكَ حِجَابٌ فَاعْمَلْ إِنَّنَا عَامِلُونَ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။ကျွန်ုပ်တို့၏ စိတ်နှလုံးများမှာ အသင်ဖိတ်ခေါ်လျက်ရှိသောတရားကို (နားလည်ခြင်း)မှ ဖုံးအုပ်လျက် ရှိကြပေသည်။ ထို့ပြင်ကျွန်ုပ်တို့၏ နားများသည်လည်း ပင်းလျက် ရှိကြသည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့နှင့် အသင်၏အကြားဝယ် အကွယ်အကာတစ်ခု ရှိနေပေသည်။ သို့ဖြစ်ပေရာ အသင်သည် (မိမိအလုပ်ကို)လုပ်ကိုင်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (မိမိတို့ အလုပ်ကို) လုပ်ကိုင်နေသူများပင် ဖြစ်ကြကုန်သတည်း။
قُلْ إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَاسْتَقِيمُوا إِلَيْهِ وَاسْتَغْفِرُوهُ ۗ وَوَيْلٌ لِلْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင် ဖြစ်ပေသည်။ [ငါ၏ထူခြားချက်မှာ(အသင်တို့၏)ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်သာလျှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ ဝဟီအမိန့်တာ်ကျရောက်လာ (ခြင်းသည်သာလျှင် ငါ၏ထူးခြားချက်ဖြစ်၏။] သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်ဘက်သို့သာလျှင် ဖြောင့်မတ်စွာ လှည့်ကြလေကုန်။ထိုမှ တစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံကြလေကုန်။စင်စစ်မှာမူကား မုရှ်ရ�်က် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်)တွဲဖက် နှိုင်းယှဉ် (ကိုးကွယ်)သူတို့၌ (ကြီးစွာသော) ပျက်စီးခြင်းသည်ရှိပေသည်။
الَّذِينَ لَا يُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
အကြင်သူတို့သည် ဇကာတ် ပေးဆောင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အာခိရတ် တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ
ဧကန်မလွဲအီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သောသူတို့အဖို့ကား ကုန်ခန်းခြင်းမရှိသောအကျိုးသည် ရှိပေသတည်း။

Choose other languages: