Quran Apps in many lanuages:

Surah Fussilat Ayahs #11 Translated in Burmese

الَّذِينَ لَا يُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
အကြင်သူတို့သည် ဇကာတ် ပေးဆောင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အာခိရတ် တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ
ဧကန်မလွဲအီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သောသူတို့အဖို့ကား ကုန်ခန်းခြင်းမရှိသောအကျိုးသည် ရှိပေသတည်း။
قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَنْدَادًا ۚ ذَٰلِكَ رَبُّ الْعَالَمِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)ပြောကြားပါလေ၊ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေကိုနှစ်ရက်နှင့် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်အား သွေဖည်ငြင်းပယ်ကြလေသလော။ ထိုမှတစ်ပါး အသင်တို့သည် အရှင်မြတ်နှင့်ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ထိုအရှင်မြတ်သည်ပင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
وَجَعَلَ فِيهَا رَوَاسِيَ مِنْ فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِلسَّائِلِينَ
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ်တည်ငြိမ်ကြံ့ခိုင်သော တောင်များကို ယင်းပထဝီမြေ၏ ထက်ဝယ် ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သော အစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်နှင့်(ပြီးမြောက်ခဲ့၏)။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏။
ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။

Choose other languages: