Quran Apps in many lanuages:

Surah Fussilat Ayahs #18 Translated in Burmese

إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
အကြင်အခါဝယ် ၎င်း(အာဒ်နှင့်ဆမူဒ်အမျိုးသား)တို့ထံ ၎င်းတို့၏ရှေ့နောက်(ဝဲယာ)မှ ရစူလ်တမန်တော်များ ရောက်ရှိလာပြီးလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်နှင့်(ဟု ဟောကြားခဲ့ကြကုန်၏။) (ထိုအခါ)၎င်းတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် မလာအိကဟ် ကောင်းကင်တမန်များအား စေလွှတ်တော်မူခဲ့ပေမည်။သို့ဖြစ်ပေရာ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့(ပေး၍)စေလွှတ်ခြင်းခံခဲ့ရသော အကြောင်းအရာတို့ကို ငြင်းပယ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ
မည်သို့ပင်ဖြစ်စေ၊ အာဒ် အမျိုးသားတို့မှာမူကား တိုင်းပြည်တွင် မတရားသဖြင့် ဘဝင်မြင့်မောက်မာပလွှားခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့ထက် သူရသတ္တိခွန်အားဗလကြီးမားသူ မည်သူရှိသနည်းဟု ပြောဆို(ဝင့်ကြွား)ခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သောအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတော်မူသည်ကို ၎င်းတို့သည် မဆင်ခြင်မစဉ်းစား မမြင်ခဲ့ကြလေသလော။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက်ပင် ရှိခဲ့ကြကုန်၏။
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (4င်းတို့အဖို့)ကျက်သရေမင်္ဂလာကင်းမဲ့သောနေ့ရက်များတွင် ကြမ်းတန်းလှစွာသောလေမုန်တိုင်းကို ၎င်းတို့အပေါ်၌ စေလွှတ်တော်မူခဲ့၏။ (ယင်းသို့လေမုန် တိုင်းကို စေလွှတ်တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ၎င်းတို့အား ဤမျက်မှောက်လောကီဘဝ၌ပင်ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ကို မြည်း စမ်းစေတော်မူအံ့သောငှာ(စေလွှတ်တော်မူခြင်း)ဖြစ်၏။ ထို့ပြင် အာခိရတ်တမလွန်ဘဝ၏ပြစ်ဒဏ်မှာ သာ၍ပင် ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ဖြစ်မည်။ ထိုအခါ ၎င်းတို့မှာ ကူညီစောင်မခြင်း ခံကြရမည်လည်း မဟုတ်ပေ။
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
ထို့ပြင် ဆမူဒ် အမျိုးသားတို့မှာမူကား အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူခဲ့သော်လည်း ၎င်းတို့မှာ တရားလမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်းကိုသာ နှစ်သက်မြတ်နိုးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အား ၎င်းတို့၏ဆည်းပူးခဲ့ကြသည်များကြောင့်ဂုဏ်အသရေ ပျက်ပြားနိမ့်ကျစေသောပြစ်ဒဏ်၏ လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။

Choose other languages: