Quran Apps in many lanuages:

Surah Fatir Ayahs #4 Translated in Burmese

الْحَمْدُ لِلَّهِ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ جَاعِلِ الْمَلَائِكَةِ رُسُلًا أُولِي أَجْنِحَةٍ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۚ يَزِيدُ فِي الْخَلْقِ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ချီးမွမ်းထောပနာ အပေါင်းတို့သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊တီထွင်ဖန်ဆင်းတော်မူသော၊ အတောင်ပံနှစ်ခုစီ၊ သုံးခုစီ၊လေးခုစီရှိသောမလာအိကဟ်ကောင်းကင်တမန်တို့အား စေတမန်များအဖြစ်ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်၏။ ထိုအရှင်မြတ်သည် ဖန်ဆင်းမှု၌ မိမိအလိုရှိတော်မူသည့်အရာကို တိုးပွားများပြား ပိုမိုစေတော်မူ၏။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
مَا يَفْتَحِ اللَّهُ لِلنَّاسِ مِنْ رَحْمَةٍ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُ مِنْ بَعْدِهِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
အလ္လာဟ်အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင်တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင် တားဆီးတော်မူသောအရာကိုလည်း ထိုအရှင်မြတ်ပိတ်ပင် တားဆီးတော်မူပြီးနောက် ပို့ပေးနိုင်သောသူဟူ၍ အလျှင်းမရှိပြီ။ စင်စစ်ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
يَا أَيُّهَا النَّاسُ اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَالِقٍ غَيْرُ اللَّهِ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
وَإِنْ يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
(အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့သည်အသင့်အား မုသာဝါဒီဟု စွပ်စွဲငြင်းပယ်ကြပါလျှင် (အသင်သည် စိတ်ငြိုငြင်မှုမရှိပါလေနှင့်၊) ဧကန်အမှန် အသင့်အလျင်ရှေးရစူလ်တမန်တော်များသည်လည်း မုသာဝါဒီများဟူ၍စွပ်စွဲငြင်းပယ်ခြင်း ခံခဲ့ကြရလေ၏။ အမှန်သော်ကား အရေးကိစ္စအလုံးစုံတို့မှာ အလ္လာဟ် အရှင်မြတ်ထံတော်သို့သာလျှင်ပြန်လည် ရောက်ကြ ရပေမည်။

Choose other languages: