Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #23 Translated in Burmese

وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَٰنِ إِنَاثًا ۚ أَشَهِدُوا خَلْقَهُمْ ۚ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ
ထိုမှတစ်ပါး ၎င်းတို့သည် အနန္တကရုဏာတော်ရှင်၏ကျွန်များ ဖြစ်ကြကုန်သော "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ထို "မလာအိကဟ်" ကောင်းကင်တမန်တို့အား ဖန်ဆင်းရာ၌ ရှေ့မှောက်ဝယ် ရှိခဲ့ကြလေသလော။ (မည်သို့ပင်ဖြစ်စေ)၎င်းတို့၏ သက်သေထွက်ချက်သည် ရေးသား(မှတ်တမ်းတင်)ပြီး ဖြစ်ချေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ("ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင်) စစ်ဆေးမေးမြန်း ခြင်းကိုလည်း ခံကြရပေဦးမည်။
وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُمْ ۗ مَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။အကယ်၍သာ အနန္တကရုဏာတော်ရှင်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် ထို"မလာအိကဟ်" ကောင်းကင်တမန်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြ မည်မဟုတ်ပေ။ ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ အသိပညာ လုံးဝမရှိပြီ။ (စင်စစ်မှာကား)၎င်းတို့မှာ ရမ်းဆ ပြောဆိုနေကြသည်သာတည်း။
أَمْ آتَيْنَاهُمْ كِتَابًا مِنْ قَبْلِهِ فَهُمْ بِهِ مُسْتَمْسِكُونَ
ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။
وَكَذَٰلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُقْتَدُونَ
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။

Choose other languages: