Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #25 Translated in Burmese

أَمْ آتَيْنَاهُمْ كِتَابًا مِنْ قَبْلِهِ فَهُمْ بِهِ مُسْتَمْسِكُونَ
ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။
وَكَذَٰلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُقْتَدُونَ
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။
قَالَ أَوَلَوْ جِئْتُكُمْ بِأَهْدَىٰ مِمَّا وَجَدْتُمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
ထိုသတိပေးနှိုးဆော်သူ (နဗီတမန်တော်)က"(အချင်းတို့၊) အကယ်၍ ငါသည် အသင်တို့ထံ အသင်တို့ မိမိတို့အဘ၊ ဘိုး၊ ဘေးတို့ (လိုက်ခဲ့ကြသည်)ကို တွေ့ရှိခဲ့ကြလေသောလမ်းစဉ်ထက် ပိုမို (တိကျမှန်ကန်သော)တရားလမ်းမှန်ကို ညွှန်ပြအံ့သော တရားဓမ္မကို အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပါလျက်(အသင်တို့သည် မိမိတို့၏ ရိုးရာဓလေ့များကိုသာ လိုက်စားကြမည်လော)"ဟု ပြောဆို(မေးမြန်းခဲ့)လေ၏။ (ထိုအခါ)၎င်းတို့က "စင်စစ်ဧကန် ကျွန်ုပ်တို့သည် အသင်တို့ယူဆောင်ခဲ့ကြသောတရားဓမ္မကို ယုံကြည် သူများမဟုတ်" ဟု ပြောဆိုခဲ့ကြကုန်၏။
فَانْتَقَمْنَا مِنْهُمْ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
သို့ဖြစ်သောကြောင့်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား တုံ့ပြန်လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (အိုနဗီတမန်တော်)အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို (လေ့လာ) ကြည့်ရှုပါလေ။

Choose other languages: