Quran Apps in many lanuages:

Surah Az-Zamar Ayahs #65 Translated in Burmese

وَيُنَجِّي اللَّهُ الَّذِينَ اتَّقَوْا بِمَفَازَتِهِمْ لَا يَمَسُّهُمُ السُّوءُ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။
اللَّهُ خَالِقُ كُلِّ شَيْءٍ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
အလ္လာဟ်အရှင်မြတ်သည်ပင် အရာရာကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူ၏။
لَهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်ရှိသော် ထိုသူတို့သည်သာလျှင် ဆုံးရှုံးသောသူများ ဖြစ်ကြပေမည်။
قُلْ أَفَغَيْرَ اللَّهِ تَأْمُرُونِّي أَعْبُدُ أَيُّهَا الْجَاهِلُونَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောဆို (မေးမြန်း)ပါလေ။ အို-အသိပညာ ကင်းမဲ့သူတို့၊ သို့ပါလျက် ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ဆည်းကပ်ကိုးကွယ်ရန် အသင်တို့သည် ငါ့အား တိုက်တွန်းကြလေသလော။
وَلَقَدْ أُوحِيَ إِلَيْكَ وَإِلَى الَّذِينَ مِنْ قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ الْخَاسِرِينَ
အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။

Choose other languages: