Quran Apps in many lanuages:

Surah At-Tawba Ayahs #74 Translated in Burmese

أَلَمْ يَأْتِهِمْ نَبَأُ الَّذِينَ مِنْ قَبْلِهِمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوْمِ إِبْرَاهِيمَ وَأَصْحَابِ مَدْيَنَ وَالْمُؤْتَفِكَاتِ ۚ أَتَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ထို(မုနာဖစ်က်)များထံသို့ ၎င်းတို့အလျငရှိခဲ့ကြသောသူတို့၏ (ပျက်စီးဆုံးရှုံးခြင်း၏)သတင်း၊ (ဥပမာ-နဗီတမန်တော်) ‘နူဟ်’၏ အမျိုးသားများ၏သတင်း၊ ‘အာဒ်’ အမျိုးသားများ၏သတင်း၊ ‘ဆမူဒ်’ အမျိုးသားများ၏သတင်း၊ (နဗီတမန်တော်) ‘အစ်ဗ်ရာဟီမ်’၏ အမျိုးသားများ၏သတင်း၊’မဒ်ယန်’မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်၍ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းသည် မရ�ာက်ရှိခဲ့လေသလော။ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများ နှင့်တကွရောက်ရှိလာခဲ့ကြလေသည်။ (သို့ရာတွင် ယင်းအမျိုးသားများသည် သွေဖည်ငြင်းဆန် မနာခံခဲ့ကြသည့်အတွက် ပျက်စီးဆုံးရှုံး၍သွားခဲ့ကြလေသည်။) စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ဤပျက်စီးမှု)၌ ၎င်းတို့အား မတရားသဖြင့် နှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ခဲ့ကြပေသတည်း။
وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ يَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَيُطِيعُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ سَيَرْحَمُهُمُ اللَّهُ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ထိုနည်းတူစွာမုအ်မင်န်သက်ဝင်ယုံကြည်သောသူ ယောက်ျား၊ မိန်းမတို့သည်လည်း(သာသနာရေးတွင်)အချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းများပင် ဖြစ်ကြကုန်၏။၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင် စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတစ်ပါး ယင်းသူတို့သည် အမြဲတစေ ဆွလာတ် ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဇကာတ်တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်၏အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။ ဤသူများသည် အကြင်သူများပင်၊ အလ္လာဟ် အရှင်မြတ်သည်ထိုသူတို့အား မုချ ကရုဏာပြုတော်မူပေမည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အား၊ အကြင် ဥယျာဉ်များကို(ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးတွေလျက်ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။
يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِنْ فَضْلِهِ ۚ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ ۖ وَإِنْ يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِنْ وَلِيٍّ وَلَا نَصِيرٍ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခ�ားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။

Choose other languages: