Quran Apps in many lanuages:

Surah At-Tawba Ayahs #116 Translated in Burmese

التَّائِبُونَ الْعَابِدُونَ الْحَامِدُونَ السَّائِحُونَ الرَّاكِعُونَ السَّاجِدُونَ الْآمِرُونَ بِالْمَعْرُوفِ وَالنَّاهُونَ عَنِ الْمُنْكَرِ وَالْحَافِظُونَ لِحُدُودِ اللَّهِ ۗ وَبَشِّرِ الْمُؤْمِنِينَ
ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။
مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ وَلَوْ كَانُوا أُولِي قُرْبَىٰ مِنْ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَابُ الْجَحِيمِ
နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။
وَمَا كَانَ اسْتِغْفَارُ إِبْرَاهِيمَ لِأَبِيهِ إِلَّا عَنْ مَوْعِدَةٍ وَعَدَهَا إِيَّاهُ فَلَمَّا تَبَيَّنَ لَهُ أَنَّهُ عَدُوٌّ لِلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَاهِيمَ لَأَوَّاهٌ حَلِيمٌ
စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံချက်ကြောင့်သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ဖခင်နှင့်(မည်သို့မျှ)မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့သူ၊ သည်းခံခြင်းတရားအလွန်ထားရှိသူ ဖြစ်ခဲ့လေသတည်း။
وَمَا كَانَ اللَّهُ لِيُضِلَّ قَوْمًا بَعْدَ إِذْ هَدَاهُمْ حَتَّىٰ يُبَيِّنَ لَهُمْ مَا يَتَّقُونَ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးတို့အား တရားလမ်းမှန်သို့ ပို့တော်မူပြီးနောက်၊ ၎င်းတို့ ရှောင်ကြဉ်ကြရမည့်အရာများကို ထင်ရှားစွာ မိန့်ကြားတော်မူခြင်း ပြုတော်မမူသမျှ ကာလပတ်လုံး လမ်းလွဲစေ တော်မူသည် မဟုတ်ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
إِنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۚ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုး အုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ ထိုအရှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။

Choose other languages: