Quran Apps in many lanuages:

Surah Ar-Rum Ayahs #58 Translated in Burmese

اللَّهُ الَّذِي خَلَقَكُمْ مِنْ ضَعْفٍ ثُمَّ جَعَلَ مِنْ بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِنْ بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَاءُ ۖ وَهُوَ الْعَلِيمُ الْقَدِيرُ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား အားနည်းရာမှ ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်(ယင်း)အားနည်းမှု၏ နောက်တွင် ခွန်အားကို ပြုလုပ်၍ ပေးတော်မူ၏။ ထို့နောက်တဖန် ထိုအရှင်မြတ်သည် (ထို)ခွန်အား၏နောက်တွင် အားနည်းမှုကိုလည်းကောင်း၊ အသက်အရွယ်အိုမင်းရင့်ရော်မှုကို လည်းကောင်း၊ ပြုလုပ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကို ဖန်ဆင်းတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အလွန်တရာ သိတော်မူသော(အရာခပ်သိမ်းတို့ကို) စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَيَوْمَ تَقُومُ السَّاعَةُ يُقْسِمُ الْمُجْرِمُونَ مَا لَبِثُوا غَيْرَ سَاعَةٍ ۚ كَذَٰلِكَ كَانُوا يُؤْفَكُونَ
၎င်းပြင်"ကိယာမတ်"ရှင်ပြန်ထမည့်နေ့၏ အချိန်အခါ ဆိုက်ရောက်လာသောနေ့တွင် ပြစ်မှုကျူးလွန်ခဲ့ကြကုန်သော သူတို့သည် မိမိတို့မှာ တစ်နာရီထက်ပို၍ နေခဲ့ကြသည်မဟုတ်ဟု(ကျိန်တွယ်၍ပြောဆို)ကြပေမည်။ ၎င်းတို့သည် ဤနည်းအတိုင်းပင်(လောကီဘဝ၌)လှည့်စားလျက် ရှိခဲ့ကြကုန်၏။
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْتُمْ فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ ۖ فَهَٰذَا يَوْمُ الْبَعْثِ وَلَٰكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ
သို့ရာတွင် အသိပညာကိုသော်လည်းကောင်း၊ "အီမာန်" ယုံကြည်မှုကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့မှာမူကား "မချွတ်ဧကန် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်တွင် ပါရှိသည်နှင့်အညီ၊ ရှင်ပြန်ထမည့်နေ့(အထိ) နေခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ဤသည်ပင်လျှင် ရှင်ပြန်ထမည့်နေ့ ဖြစ်ပေသည်။ သို့သော် အသင်တို့သည် မယုံကြည်ခဲ့ကြပေ"ဟုပြောဆိုကြကုန်အံ့။
فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ
သို့ဖြစ်ပေရာ ထိုနေ့တွင် မတရားပြုလုပ်ခဲ့ကြသော သူတို့အား ၎င်းတို့၏ အကြောင်းပြချက်သည် အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အမှားကိုပြုပြင်ရန်လည်း တောင်းဆိုခြင်းကို ခံကြရမည် မဟုတ်ပေတကား။
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အကျိုးငှာ ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်အမျိုးစုံတို့ကို ခိုင်းနှိုင်းထားတော်မူ၏။ သို့ရာတွင် အကယ်၍ အသင်သည် ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာကို ဆောင်ယူလာပါလျှင် ဧကန်အမှန် သွေဖည်ငြင်းပယ်ကြသောသူတို့က "အသင်တို့သည် လူလိမ်များသာလျှင်ဖြစ်ကြသည်" ဟု ပြောဆိုကြပေမည်။

Choose other languages: