Quran Apps in many lanuages:

Surah Ar-Rum Ayahs #60 Translated in Burmese

وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْتُمْ فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ ۖ فَهَٰذَا يَوْمُ الْبَعْثِ وَلَٰكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ
သို့ရာတွင် အသိပညာကိုသော်လည်းကောင်း၊ "အီမာန်" ယုံကြည်မှုကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့မှာမူကား "မချွတ်ဧကန် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်တွင် ပါရှိသည်နှင့်အညီ၊ ရှင်ပြန်ထမည့်နေ့(အထိ) နေခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ဤသည်ပင်လျှင် ရှင်ပြန်ထမည့်နေ့ ဖြစ်ပေသည်။ သို့သော် အသင်တို့သည် မယုံကြည်ခဲ့ကြပေ"ဟုပြောဆိုကြကုန်အံ့။
فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ
သို့ဖြစ်ပေရာ ထိုနေ့တွင် မတရားပြုလုပ်ခဲ့ကြသော သူတို့အား ၎င်းတို့၏ အကြောင်းပြချက်သည် အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အမှားကိုပြုပြင်ရန်လည်း တောင်းဆိုခြင်းကို ခံကြရမည် မဟုတ်ပေတကား။
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အကျိုးငှာ ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်အမျိုးစုံတို့ကို ခိုင်းနှိုင်းထားတော်မူ၏။ သို့ရာတွင် အကယ်၍ အသင်သည် ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာကို ဆောင်ယူလာပါလျှင် ဧကန်အမှန် သွေဖည်ငြင်းပယ်ကြသောသူတို့က "အသင်တို့သည် လူလိမ်များသာလျှင်ဖြစ်ကြသည်" ဟု ပြောဆိုကြပေမည်။
كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الَّذِينَ لَا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးများအပေါ်၌ ဤအတိုင်းပင် တံဆိပ် ခတ်နှိပ်တော်မူသည်။
فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ وَلَا يَسْتَخِفَّنَّكَ الَّذِينَ لَا يُوقِنُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ခန္တီတရားထားရှိပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သော ကတိတော်ပင် ဖြစ်သည်။ ၎င်းပြင် မယုံကြည်သောသူတို့သည် အသင့်အား သည်းမခံနိုင်အောင် မပြုကြစေရ။

Choose other languages: