Quran Apps in many lanuages:

Surah Ar-Rum Ayahs #46 Translated in Burmese

قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلُ ۚ كَانَ أَكْثَرُهُمْ مُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာကြပြီးလျှင် ယခင်က ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို ကြည့်ရှု(လေ့လာ)ကြလေကုန်။ ၎င်းတို့အနက် အများစုမှာမူကား "မုရှ် ရစ်က်" အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ
သို့ဖြစ်ပေရာ အသင်သည် မိမိ၏မျက်နှာကို(ဤသို့) ဖြောင့်မတ်သော ‘ဒီန်’ သာသနာပေါ် မြဲမြံတည်တံ့စွာ ထားရှိလော့၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရွှေ့ပြောင်းမှုအလျှင်းရှိမည် မဟုတ်သောနေ့ ဆိုက်ရောက်မလာမီ ထိုနေ့တွင်လူတို့သည် တကွဲစီရှိ ကြပေမည်။
مَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَمَنْ عَمِلَ صَالِحًا فَلِأَنْفُسِهِمْ يَمْهَدُونَ
မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့မူ ၎င်း၏သွေဖည်မှုသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်ခဲ့မူ ၎င်းတို့သည် မိမိတို့အကျိုးငှာ စီမံဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်။
لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ
သို့မှသာလျှင် ထိုအရှင်မြတ်သည် ‘အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူတည်ဆောက် ခဲ့ကြကုန်သောသူများအား မိမိကျေးဇူးတော်ဖြင့်(ကောင်းမြတ်သော) အစားကို ပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် သွေဖည်ငြင်းပယ်သော သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများအနက်မှ ထိုအရှင်မြတ်သည် ရှေ့ပြေးသတင်းကောင်း အဖြစ်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်၏ရသာကို အသင်တို့အား မြည်းစမ်းစေတော်မူအံ့ သောငှာလည်းကောင်း၊ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ရွက်သင်္ဘောများသည် (ပင်လယ်သမုဒ္ဒရာ)၌ သွားလာနိုင်ကြအံ့သောငှာလည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေနိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာလည်းကောင်း(မိုးမရွာမီ) လေများကို စေလွှတ်တော်မူခြင်းပင် ဖြစ်ပေသည်။

Choose other languages: