Quran Apps in many lanuages:

Surah An-Nur Ayahs #52 Translated in Burmese

وَإِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ إِذَا فَرِيقٌ مِنْهُمْ مُعْرِضُونَ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ ၎င်းတို့အနက် လူတစ်စုသည် ရုတ်တရက် လွှဲရှောင်သွားကြကုန်၏။
وَإِنْ يَكُنْ لَهُمُ الْحَقُّ يَأْتُوا إِلَيْهِ مُذْعِنِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့၌အခွင့်အရေးရှိလျှင် ၎င်းတို့သည် ထိုရစူလ်တမန်တော်မြတ်သို့ ကျိုးနွံစွာနှင့် ရောက်ရှိလာကြကုန်၏။
أَفِي قُلُوبِهِمْ مَرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَنْ يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ
အသို့ပါနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းဝယ် (ကုဖ်ရ်-နိဖာက်၏) ရောဂါရှိနေသလော၊ သို့တည်းမဟုတ် ၎င်းတို့သည် (တမန်တော်မြတ်၏ တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ်နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန် တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့အပေါ်၌ မတရားပြုလုပ်တော်မူမည်ဟု စိုးရိမ်နေကြသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မတရားပြုသူများ ဖြစ်ကြကုန်၏။
إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَنْ يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။
وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။

Choose other languages: