Quran Apps in many lanuages:

Surah An-Nisa Ayahs #170 Translated in Burmese

لَٰكِنِ اللَّهُ يَشْهَدُ بِمَا أَنْزَلَ إِلَيْكَ ۖ أَنْزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။
إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ဧကန်စင်စစ် အကြင်သူတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြ၏။ ၎င်းပြင် မတော်မတရားပြုမူခဲ့ကြ၏။ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်လည်း မဟုတ်ပေ။ မည်သည့်လမ်းကိုမျှ ညွှန်ကြားပြသတော်မူမည်လည်း မဟုတ်ချေ။
إِلَّا طَرِيقَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား) ‘ဂျဟန္နမ်’ ငရဲဘုံ၏လမ်းကိုသာ (ညွှန်ကြားပြသတော်မူအံ့) ၊ ၎င်းတို့သည် ထိုငရဲဘုံ၌ ထာဝစဉ်နေထိုင်သောသူများ ဖြစ်ကြလတ္တံ့။ အမှန်စင်စစ် ယင်းကဲသို့ပြစ်ဒဏ်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူလှပေသတည်း။
يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الرَّسُولُ بِالْحَقِّ مِنْ رَبِّكُمْ فَآمِنُوا خَيْرًا لَكُمْ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့�ားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်‘အီမာန်’ သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို ‘အီမာန်’သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

Choose other languages: